အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း တိုးမြှင့်မှုကြောင့် ဒေါ်လာတန်ဖိုးခုန်တက်

Thu, 09/29/2022 - 03:18 -- admin_ygn

အမေရိကန် Fed ဗဟိုဘဏ်က စက်တင်ဘာ ၂၁ ရက် တွင် အတိုးနှုန်းကို  အခြေခံပွိုင့် ၇၅ ပွိုင့်အထိ တိုးမြှင့်ခဲ့ခြင်း ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးအနေအထားသို့ ခုန်တက်ခဲ့ကြောင်း သိရသည်။ အမေရိကန်  Fed ဗဟိုဘဏ်အနေဖြင့် ၇၅ ပွိုင့် (basis points) တိုးမြှင့်ခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ် မြောက် ဆက်တိုက်တိုးမြှင့်ခြင်းလည်းဖြစ်သည်။  လက်ရှိ အချိန်တွင် အတိုးနှုန်းမှာ ၃ ဒသမ ၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိ ခဲ့ပြီဖြစ်သည်။ ယင်းမှာ ၂၀ဝ၈ ခုနှစ်နောက်ပိုင်းတွင်  အမြင့် ဆုံး အနေအထားတစ်ရပ်ဖြစ်သည်။EURUSDငွေကြေးအတွဲမှာ သုည ဒသမ ၉၈၀၇ အထိ ကျဆင်းထားပြီး နှစ်ပေါင်း ၂၀ အတွင်း ယူရိုငွေကြေး တန်ဖိုး အနိမ့်ဆုံးသို့ စံချိန်တင်ကျဆင်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် GBPUSD မှာ ၁ ဒသမ ၁၂၁၉ အထိကျခဲ့ပြီး  နှစ်ပေါင်း ၃၇ နှစ်အတွင်း စတာလင်ပေါင်တန်ဖိုး အနိမ့်ဆုံးအဆင့်သို့ စံချိန် သစ်တင် ကျဆင်းခဲ့သည်။  အခြားတစ်ဖက်တွင် အင်ဒိုနီးရှား ဗဟိုဘဏ်က အတိုး နှုန်း ၅၀ ပွိုင့်(ဝ.၅၀%) တိုးမြှင့်လိုက်ကြောင်းနှင့် ဖိလစ်ပိုင် ဗဟိုဘဏ်ကလည်း အတိုးနှုန်း ၅၀ ပွိုင့်သို့  တိုးမြှင့်လိုက် ကြောင်း သိရသည်။                                                          
 Source;BBC