အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်တိုးမြှင့်တင်ပို့နိုင်ရန် ထိုင်းကြိုးစား

Fri, 03/30/2018 - 05:54 -- admin_ygn

   ထိုင်းနိုင်ငံအစိုးရအနေဖြင့်၎င်းး၏တောင်သူလယ်သမားများကိုခိုင်မာစွာထောက်ပံ့နိုင်ရေးကြိုးပမ်းမှုတစ်ခု အဖြစ် အစိုးရအချင်းချင်းပူးပေါင်း၍   တိုက်ရိုက်ဆန်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ ထိုသို့ ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာထိုင်းအစိုးရအာဏာပိုင်များမှအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။အချို့အာရှနိုင်ငံတွေမှာ  ဆန်တင်ပို့မှုကို အစိုးရကပဲ အဓိကလုပ်ဆောင်နေတာပါ။ ဒီနိုင်ငံတွေကို ထိုင်း နိုင်ငံကလည်းသွားရောက်ညှိနှိုင်းဖို့စိတ်ဝင်စားနေတယ်။ထိုင်းပုဂ္ဂလိကကုမ္ပဏီတွေဆန်ပိုမိုတင်ပို့ရောင်းချနိုင် အောင် အစိုးရက ကူညီ ပေးမှာဖြစ်သလို ထိုင်းအစိုးရကလည်းအစိုးရအချင်းချင်းကုန်သွယ်မှုလမ်းကြောင်းကနေ ဆန်ရောင်းချလိုတယ်ဆိုတာ ကို သိစေချင်တယ်” ဟု   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် Mr. Adul Chotinisakornက ပြောခဲ့သည်။ထိုင်းအစိုးရသည် အီရတ်၊အီရန်စသော အရှေ့အလယ် ပိုင်းဒေသများနှင့်ညှိနှိုင်းဆောင်ရွက်နိုင်ဖွယ်ရှိပြီး   အဆိုပါ နိုင်ငံများသို့ နှစ်စဉ် ဆန်တန်ချိန် ၁ မီလီယံခန့်စီ  လောလော ဆယ် တင်ပို့လျက်ရှိသည်။ လက်ရှိတွင်   ထိုင်းအစိုးရသည်အစိုးရအချင်းချင်းဆန်ကုန်သွယ်မှုပြုရန်စိတ်အားထက်သန်နေသော်လည်းတင်ပို့မည့်နည်းလမ်းများနှင့်ငွေပေးချေမှုပုံစံများသည်ညှိနှိုင်းဆောင်ရွက်မှုပြုရန်ခက်ခဲသည့်အနေအထားတွင်ရှိနေသေးကြောင်းသိရသည်။                                   

 ကြည်သာသစ်နိုင်