ဗီယက်နမ် လျှပ်စစ်မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ VinFast သည် စက်ရုံတည်ဆောက်ဆဲ ကာလတွင် EV ကားတင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားလျှော့ချပေးရန် အိန္ဒိယကို တောင်းဆို

Thu, 03/07/2024 - 03:30 -- wtodep

ဗီယက်နမ်လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ VinFast သည် တမီလ်နာဒူး (Tamil Nadu) ပြည်နယ်တောင်ပိုင်းတွင် လျှပ်စစ်မော်တော်ကားစက်ရုံတစ်ရုံကို တည်ဆောက်လျှက်ရှိပြီး လာမည့်နှစ်လယ်တွင် ထုတ်လုပ်မှုစတင်ရန် မျှော်လင့်ထားကြောင်း၊စက်ရုံစတင်လည်ပတ်စဉ် ကာလအတွင်း စားသုံးသူများအနေဖြင့် ၎င်းတို့ထုတ်ကုန်များကို ရင်းနှီးနေစေရန် VinFast EV ကား တင်သွင်းမှုအ ပေါ် အကောက်ခွန်နှုန်းထားများကို (၂) နှစ်ခန့် လျှော့ချပေးရန် အိန္ဒိယကို တောင်းဆိုထားကြောင်းနှင့် VinFast EV ကားများကို  ပထမဆုံး ပြည်တွင်း၌ရောင်းချပြီးနောက် ပြည်ပသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်းကို VinFast၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ အိန္ဒိယနိုင်ငံသား Pham Sanh Chauက၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်(တနင်္ဂနွေနေ့) တွင် ရိုက်တာ (Reuters) သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

VinFast နှင့် တမီလ်နာဒူးပြည်နယ်တို့သည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း၏ ပထမငါးနှစ်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့်စတင်ရန် သဘောတူခဲ့ကြောင်း ၊ VinFastသည် Tesla ကဲ့သို့ EV ကားများအပေါ် အိန္ဒိယ၏ သွင်းကုန်အကောက်ခွန်နှုန်းထားများကို ၁၀၀ % လျှော့ချပေးရန် တောင်းဆိုခဲ့သော်လည်း ပြည်တွင်းကားထုတ်လုပ်သူများက ကန့်ကွက်ခဲ့ကြကြောင်း၊ကမ္ဘာ့မော်တော်ကားဈေးကွက်တွင် တတိယအကြီးဆုံးဖြစ်သည့် အိန္ဒိယအနေဖြင့် အဆိုပါတောင်းဆိုမှု များအပေါ် စဉ်းစားနေဆဲဖြစ်သော်လည်း ဆုံးဖြတ်ချက်မချမှတ်ရသေးကြောင်း စသည့်သတင်းများ ပြီးခဲ့သည့်လကထွက်ပေါ် ခဲ့သော်လည်း အစိုးရပြောရေးဆိုခွင့်ရှိသူကမှတ်ချက်မပြုခဲ့ပါ။

အိန္ဒိယနိုင်ငံ၊ Thoothukudi ခရိုင်၌ ကျင်းပပြုလုပ်ခဲ့သည့် VinFast ၏ အုတ်မြစ်ချအခမ်းအနားတွင် VinFast အမှုဆောင် အရာရှိချုပ်ဖြစ်သူ Pham Sanh Chau က “ စားသုံးသူများအနေဖြင့် မိမိတို့ ထုတ်ကုန်များနှင့် ရင်းနှီးလာစေရန် ကန့်သတ် မော်တော်ကား အရေအတွက်အပေါ် သွင်းကုန်ခွန်နှုန်းထားများကို (၂) နှစ်အတွင်း ၇၀ % မှ ၈၀ % ထိ လျှော့ချပေးရန် အဆိုပြု ထားကြောင်း၊ ဗဟိုအစိုးရမှ စဉ်းစားနေဆဲဖြစ်ပြီး မိမိတို့က ထုတ်လုပ်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်ခြင်းဖြစ်ကြောင်း ” ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်အတွင်း အိန္ဒိယ၌ လျှပ်စစ်ကားရောင်းအားသည် စုစုပေါင်းမော်တော်ကားရောင်းအား၏ ၂ % ခန့်သာရှိသော်လည်း ၂၀၃၀ ပြည့်နှစ်တွင် ၃၀ % ဖြစ်စေရန် အစိုးရက EV ကားထုတ်လုပ်သူများကို ဆွဲဆောင်မည့် အစီအစဉ်တစ်ခုချမှတ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

VinFast အရ တမီလ်နာဒူး (Tamil Nadu)စီမံကိန်းသည် နှစ်စဉ်ကားစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင် ပြီး  ဗီယက်နမ်ရှိ မိခင်စက်ရုံမှ နှစ်စဉ် ကားစီးရေ၂၅၀,၀၀၀ ထုတ်လုပ်နိုင်ပါသည်။ အိန္ဒိယဆိုင်ရာ ဗီ ယက်နမ်သံအမတ်ဟောင်းလည်းဖြစ်သည့် Pham Sanh Chau က စတင်တည်ထောင်ဆဲကုမ္ပဏီ (startup company) တစ်ခုအနေဖြင့် VinFast သည် အိန္ဒိယလုပ်ငန်းရှင် (၅၅) ဦးနှင့် ပူးပေါင်းကာ ဈေးကွက်ဝင်ဆံ့နိုင်ရေး ကွန်ယက်တစ်ခုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါ သည်။

 

Source:https://www.reuters.com/business/autos-transportation/vietnams-vinfast-seeks-india-ev-import-duty-cut-plant-construction-starts-2024-02-25/