နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ဉာဏပစ္စည်းမူပိုင်ခွင့် ချိုးဖောက်မှုများကို တားဆီးနှိမ်နင်းရန် ဆောင်ရွက်လျက်ရှိ

Thu, 02/03/2022 - 06:49 -- admin_ygn

ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်နယ်စပ်စစ်ဆေးရေးဂိတ်များတွင်ဉာဏပစ္စည်းမူပိုင်ခွင့်(IP)ချိုးဖောက်မှုများကို တားဆီးနှိမ်နင်းရန်  အစီအမံများကိုဆောင်ရွက်လျက်ရှိကြောင်း၊၎င်းမှာကုန်သွယ်ဖက်နိုင်ငံများအကြားယုံကြည်မှုကိုတည် ဆော က်ရန်နှင့်ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကိုဖန်တီးရန်လုပ်ဆောင်မှုဖြစ်ကြောင်းသိရှိရသည်။အဆိုပါလှုပ်ရှားမှုသည်နိုင်ငံအတွင်းသို့အဆင့်မမီထုတ်ကုန်များတင်သွင်းလာမှုကိုတားဆီးနိုင်ရန်နှင့်ပြည်တွင်းရှိစားသုံးသူများကိုအကာအကွယ်ပေးနိုင်ရန် လည်း ဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးSinit Lertkrai ၏ပြောကြားချက်အရခိုးကူးအမှတ်တံဆိပ်များနှင့်ထုတ်ကုန်များအားတင်ပို့ခြင်း၊တင်သွင်းခြင်းသို့မဟုတ်ထိုင်းနိုင်ငံကိုတစ်ဆင့်ဖြတ်သန်းသယ်ဆောင်ခြင်းစသည့်မည်သည့်ပုံစံ တစ်ခု ခုကိုမဆိုတားမြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာမူကြမ်းကိုအစိုးရအဖွဲ့က ဇန်နဝါရီ ၄ရက်တွင်အတည်ပြုပေးခဲ့ကြောင်းသိရှိရသည်။အဆိုပါအမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးပါကစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသည်အကောက်ခွန် ဦးစီးဌာန နှင့်အနီးကပ်ပူးပေါင်းကာနိုင်ငံအတွင်းမှတင်ပို့ခြင်း၊တင်သွင်းခြင်းနှင့်ထိုင်းနိုင်ငံကိုတစ်ဆင့်ဖြတ်သန်းသယ်ဆောင်မည့်ကုန်အမှတ်တံဆိပ်ချိုးဖောက်သောထုတ်ကုန်ပစ္စည်းများကိုတားဆီးထိန်းချုပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိ ရ သည်။ အဆိုပါကြိုးပမ်းဆောင်ရွက်ချက်သည်နယ်စပ်စစ်ဆေးရေး ဂိတ်များတွင်IPချိုးဖောက်မှုများကိုတားဆီးနှိမ်နင်းရာတွင် ထိရောက်မှုကိုတိုးတက်လာစေမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာသဘော တူညီ ချက် အရနှင့်ယခုလအတွင်း အသက်ဝင်မည့်ဒေသတွင်း ဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်ရေးအစီအစဉf(RCEP)တို့အရ ကုန်သွယ်မှု မိတ်ဖက်များ၏ ယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ဉာဏပစ္စည်းမူပိုင်ခွင့်ဦးစီးဌာန ညွှန် ကြားရေးမှူး ချုပ်Vuttikr ai Leew iraphanကစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအရဉာဏပစ္စည်းမူပိုင်ခွင့်ရရှိထားသူများအနေဖြင့်အကောက်ခွန်ဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းနှင်အကောက်ခွန် တာဝန်ရှိသူများအနဖြင့်သံသယရှိသည့် ကုန် အမှတ်တံဆိပ်နှင့်ထုတ်ကုန်များကိုချက်ချင်းစစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။လတ်တလောအားဖြင့်မူပိုင်ခွင့်ပိုင်ရှင်များသည် ဉာဏပစ္စည်း မူပိုင်ခွင့်ဦးစီးဌာနသို့ပထမဦးစွာအကြောင်းကြားရမည်ဖြစ်ကြောင်း၊၎င်းနောက်အကောက်ခွန်ဦးစီးဌာနသို့ သ တင်း အချက်အလက်များ ဆက်လက်ပေးပို့ကာစစ်ဆေးမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။အဆိုပါအမိန့်ကြော်ငြာစာသည်အစိုးရ ပြန်တမ်းတွင် ထုတ်ပြန်သည့်ရက်မှစ၍ ရက်ပေါင်း ၉၀ အကြာတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှရသည်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးကဉာဏပစ္စည်းမူပိုင်ခွင့်ကိုနိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရန်နှင့် စီးပွားရေးကိုပြန်လည်မြင့်တင်ရာတွင် ကိရိယာတစ်ခုအဖြစ် အသုံးချသွား မည်ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ နောက် ထပ် ရည်မှန်းချက်တစ်ခုမှာ ဒေသခံပြည်သူများ၏ ဘဝအရည်အသွေးနှင့်သုခချမ်းသာများပြည့်စုံစေရန် ပထဝီဒေသဆိုင်ရာအညွှန်းကိန်းGeographical Indications (GI)များကို မြင့်တင်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း သိရှိရသည်။   အဆိုပါ ထူးခြားသည့်လက္ခဏာများနှင့်ဝိသေသများအတွက်အထောက်အထားလက်မှတ်ကို  ရရှိခြင်းဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ဈေးကွက်များတွင် ဈေးကွက်တန်ဖိုးကိုပိုမိုတိုးမြှင့်စေနိုင်ကြောင်းသိရှိရသည်။

လွင်မျိုးဇော်(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့။

 

 

Copyright ©2014 The Commerce Journal. All rights reserved.
Powered by Information Matrix