ထိုင်းနိုင်ငံတွင် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံနှင့် မော်တော်ယာဉ်နှင့် လျှပ်စစ်ပစ္စည်း ဒီဇိုင်းလုပ်ငန်းများတွင် ရင်နှီးမြှုပ်နှံမှုဆိုင်ရာ အထူးအခွင့်အရေးများပေး

Tue, 07/18/2017 - 07:17 -- admin_ygn

           ထိုင်းနိုင်ငံတွင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ကဏ္ဍ (digital backbone infrastructure)  နှင့် မော်တော် ယာဉ်နှင့်လျှပ်စစ်ပစ္စည်းဒီဇိုင်းကဏ္ဍ(automotive and elect- rical parts design) စသည့်ကဏ္ဍနှစ်မျိုးအတွက် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အထူးအခွင့်အရေးများ တိုးမြှင့်ပေးခြင်းကို ထိုင်း နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment – BOI)က အတည်ပြုခဲ့ပါသည်။
            ယခုကဲ့သို့ အဆိုပါကဏ္ဍနှစ်မျိုးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအထူးအခွင့်အရေးများကို တိုးမြှင့်ပေးခြင်းသည် ဖိုက်ဘာအော့ပ်တစ်နှင့် ပင်လယ်ရေအောက် အင်တာနက် ကေဘယ် လုပ်ငန်း(fibre-optic and submarine cables) ) နှင့် မော်တော်ယာဉ်နှင့်   လျှပ်စစ်ပစ္စည်းဒီဇိုင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာစေရန် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ယင်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာ သည်နှင့်အမျှ  အင်တာနက်ဝန်ဆောင်မှု တိုးတက်လာသည့် အပြင် တိုင်းသူပြည်သားများအနေဖြင့် ပိုမိုကောင်းမွန်သော အင်တာနက်ကို   ရရှိမည်ဖြစ်ကြောင်း၊  ထိုင်းနိုင်ငံသည် အာဆီယံဒေသတွင် ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အချာနိုင်ငံ(Asean digital gateway)  ဖြစ်လာစေရန် ပင်လယ်ရေအောက်  အင်တာနက်ကေဘယ် တည်ဆောက်ခြင်းအတွက် ဘတ်ငါး ဘီလီယံ ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းတွင်  ပါဝင်သည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ အဆင့်မြင့်နည်းပညာ  ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုမည့်  လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများကို တိုးမြှင့်ပေးခြင်း  ဖြစ်ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှု  ဘုတ်အဖွဲ့မှ အတွင်း ရေးမှူးချုပ် Ms. HiranyaSujinai က ပြောကြားပါသည်။
ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံကဏ္ဍနှင့် မော် တော်ယာဉ်နှင့် လျှပ်စစ်ပစ္စည်း ဒီဇိုင်းကဏ္ဍ နှစ်မျိုးအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးအဖြစ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ယခင်က ငါးနှစ်ပေးခဲ့ရာမှ ယခုအခါ ရှစ်နှစ်သို့ တိုးမြှင့်ပေး ခြင်းဖြစ်ပါသည်။
ထို့နောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူအဆင်ပြေမှုအတွက် STC  စင်တာ(Strategic Partner Center)  ဖွင့်လှစ်ပေးမည်ဖြစ်ရာ သက် ဆိုင်ရာအစိုးရ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မည် ဖြစ်ပါသည်။STC စင်တာကိုယခုဇူလိုင်လဆန်းတွင် ဖွင့်လှစ် ရန် စီစဉ်ထားပြီး ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်လုပ်သားများ ရရှိရေးနှင့် အစိုးရ၏ ဦးစားပေး စက်မှုလုပ်ငန်း ၁၀ ခုတွင် ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကူညီ ဆောင်ရွက်ပေးမည့်အပြင် နိုင်ငံခြားသားများ အလုပ်ပါမစ် နှင့် ဗီဇာရရှိရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးမည်  ဖြစ်ပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages