ဈေးကွက်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် တောင်ကိုရီးယားနိုင်ငံအတွင်း ပိုလျှံနေသည့် ဆန်များကို အစိုးရက ပြန်လည် ဝယ်ယူမည်

Wed, 11/09/2016 - 08:04 -- admin_ygn

တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် ကာလကြာ ရှည်စွာ ပိုလျှံနေသည့် အဓိကအစားအစာတစ်ခုဖြစ်သည့် ဆန်များအားလုံးကို ဝယ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ယခုနှစ်တွင် ခန့်မှန်းဆန် တန်ချိန် ၄ ဒသမ ၂ သန်း ပိုလျှံနိုင်သည်ဟုသုံးသပ်ထားရာလိုအပ်ချက်ဖြစ်သည့် တန်ချိန် ၃ ဒသမ ၉ သန်းထက် ကျော်လွန်သွားမည်ဖြစ်သော ကြောင့် စားသုံးမှုထက် ဆန်တန်ချိန်စုစုပေါင်း သုံးသိန်းခန့် ပိုလျှံနိုင်ကြောင်း စိုက်ပျိုးရေး၊ အစား အစာနှ င့် ကျေးလက်ရေး ရာ ဝန်ကြီးဌာနက ခန့်မှန်းခဲ့သည်။ အစိုးရအနေဖြင့် ယခုနှစ် ကုန်မတိုင်မီ ဈေးကွက်အတွင်းမှ စုစုပေါင်းဆန်ပိုလျှံမှုကို ထိန်းထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပိုလျှံဆန်များ ဝယ်ယူမည့်ပမာဏကို လာမည့်နို ဝင်ဘာလတွင် အစိုးရက အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။တောင်ကိုရီးယားလူဦးရေ၏ နှစ်စဉ်ဆန်စားသုံးမှု သည် နိုင်ငံအတွင်း စားသုံးမှုအလေ့အထများ ပြောင်းလဲလာမှု နှင့် စားသောက်မှု ပုံစံများ ပြောင်းလဲလာမှုတို့ကြောင့် ဆယ်စု နှစ်တစ်စုကြာကာလအတွင်း သိသာထင်ရှားစွာ ကျဆင်းခဲ့ သည်ကို တွေ့ရှိရသည်။ ၂၀၁၅ ခုနှစ်တွင် တစ်ဦးချင်းဆန် စားသုံးမှုသည် ၆၂ ဒသမ ၉ ကီလိုဂရမ်ရှိခဲ့ရာ ၁၉၈၅ ခုနှစ်က  ရှိခဲ့သောတစ်ဦးချင်းစားသုံးမှု ၁၂၈ ဒသမ ၁ ကီလိုဂရမ်နှင့် နှိုင်းယှဉ်ပါက စားသုံးမှုထက်ဝက်ခန့်ကျဆင်းခဲ့ကြောင်း ကိုရီးယားစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် ကိန်းဂဏန်း များအရ သိရှိရသည်။
ဆန်ထုတ်လုပ်မှုလုပ်ငန်းများမှ သြဂုတ်တွင်ဆန်တန်ချိန် ၁ ဒသမ ၇၅ သန်းထုတ်လုပ်နိုင်ခဲ့ပြီး စပါးစိုက်တောင်သူများ ကို ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်နှင့် ပိုလျှံဆန်များကို ဝယ်ယူခြင်းအတွက် နှစ်ပေါင်း ၂၀ ကာလအတွင်း ဝမ် ၁၆၅၀၀၀ ခန့်သာ အသုံးပြုခဲ့ရာမှ ယခုအခါ အစိုးရအနေဖြင့် ဆန်ဈေးနှုန်းကို ထိန်းညှိထောက်ပံ့ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် ဝမ် သုံးထရီလီယံထက် ပိုမိုအသုံးပြုသွားမည်ဖြစ် သည်။
ခင်မျိုးသော်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages