စင်ကာပူနှင့် အင်ဒိုနီးရှားသို့ဥရောပကောင်စီဥက္ကဋ္ဌသွားရောက်လည်ပတ်

Mon, 12/15/2014 - 12:52 -- admin_ygn

   ဥရောပကောင်စီဥက္ကဋ္ဌ Mr. Herman Van Rompuy သည် စင်ကာပူနိုင်ငံသို့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ အလည်အပတ်သွားရောက်ခဲ့သည်။ ဥရောပကောင်စီဥက္ကဋ္ဌသည် ၎င်း၏ စင်ကာပူခရီးစဉ်အတွင်း စင်ကာပူသမ္မတ နှင့် ဝန်ကြီးချုပ်တို့အားတွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေးပိုမိုခိုင်မာလာစေရေးနှင့် အီးယူ-စင်ကာပူလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်အား အတည်ပြုနိုင်ရေးစသည့်ကိစ္စရပ်များအားဆွေးနွေးခဲ့သည်။
   ထို့အပြင် ဥရောပကောင်စီဥက္ကဋ္ဌ သည် အင်ဒိုနီးရှားနိုင်ငံသို့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ အထိ အလည်အပတ်သွားရောက်ခဲ့သည်။ ဥရောပကောင်စီ ဥက္ကဋ္ဌသည် ၎င်း၏ အင်ဒိုနီးရှားခရီးစဉ်အတွင်း အင်ဒိုနီးရှား သမ္မတနှင့် တွေ့ဆုံခဲ့ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေးအပါအဝင် နှစ်ဦးနှစ်ဖက်စီးပွားဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များအားဆွေးနွေးခဲ့ကြပါသည်။ အင်ဒိုနီး ရှားခရီးစဉ်အတွင်းဥရောပကောင်စီဥက္ကဋ္ဌသည်(၅) ကြိမ်မြောက် အီးယူ-အင်ဒိုနီးရှားစီးပွားရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးသို့လည်း သွားရောက်ခဲ့ကြောင်းသိရှိရသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့