သကြားကိုRe-exportအ ခွင့်ပြုခြင်းကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုပမာဏတိုးတက်စေ

Mon, 11/09/2015 - 13:20 -- admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ  အောက်တိုဘာလ ၁ ရက်မှ ၂၅ ရက် ထိကာလအတွင်း ပို့ကုန်ကန်ဒေါ်လာ ၃ ဒသမ ၄၅၉ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၅၅ ဒသမ ၆၅၁ သန်း ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၅၉ သန်းကျော်ခဲ့ ပါတယ်။ ကုန်သွယ်မှုပမာဏ အကောင် အထည်ဆောင်ရွက်နိုင်မှုက လျာထား ချက်အပေါ် ၁၁၈ ရာခိုင်နှုန်းပိုမိုဆောင် ရွက်နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှုပမာဏ တိုးတက်လာရခြင်းမှာ အာရှလမ်းမကြီး ဖွင့်လှစ်ပြီးနောက် ယာဉ်စီးရေတိုးတက် များပြားလာခြင်း၊ သမားရိုးကျ ပို့ကုန် သွင်းကုန်များအပြင Re-export  သကြား ခွင့်ပြုခဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။အာရှလမ်းမကြီးဖွင့်လှစ်ပြီး နောက် ယာဉ်စီးရေတိုးတက်များပြား လာခြင်းအပေါ် လအလိုက်နှိုင်းယှဉ်ပါ က တစ်ရက်ပျမ်းမျှ သြဂုတ်လတွင် ယာဉ် စီးရေ ၁၆၆ စီးခန့်၊ စက်တင်ဘာလတွင် ၂၅၃ စီးနဲ့ အောက်တိုဘာလတွင် ၂၆၀ စီးခန့်ထိ တိုးတက်များပြားလာတဲ့အပြင် ၂၂ ဘီးဆွဲယာဉ်များပါ သွားလာနိုင်ပြီလို့ သိရပါတယ်။ပို့ကုန်သွင်းကုန်အပိုင်းတွင် သမား ရိုးကျ ပို့ကုန်သွင်းကုန်များအပြင် သကြား နဲ့ကွမ်းသီးက Re-export နဲ့ ခွင့်ပြုပေး လိုက်ပြီဖြစ်ရာ ထိုင်းမှ သကြားကို တရုတ် သို့ တင်ပို့နေပြီလို့ သိရပါတယ်။မိမိတို့နိုင်ငံမှာ ဇူလိုင်၊ သြဂုတ်လ များအတွင်း ရေကြီးရေလျှံမှုများကြောင့် ပို့ကုန်တင်ပို့မှု လျော့နည်းတဲ့ အတွက် ကုန်သွယ်မှုပမာဏ တိုးတက်စေေ ရး Re-Export သကြားကို လုပ်ငန်းလိုအပ် ချက်အရ ဆောင်ရွက်ခွင့်ပြု ခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာလအတွင်း ကုမ္ပဏီ ၁၉ ခုမ Re-export  စနစ်နဲ့ သကြား ၁၅၀၈၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇ ဒသမ ၂၄၂ သန်းဖိုးကို မြဝတီနယ်စပ်မှ အမှန်တင်သွင်းထား ပြီးဖြစ်ပါတယ်။ Re-export  စနစ်နဲ့  သကြားတင်သွင်းရာမှာFDA ထောက်ခံ ချက် ပူးတွဲ တင်ပြ ရန် မလိုသော်လည်း ပုံမှန်စနစ်နဲ့ တင်သွင်းမည်ဆိုပါက ၤီဗ ထောက်ခံချက်  လိုအပ်မည်ဖြစ် ကြောင်း အသိပေးလိုက်ရပါတယ်။
MIRT

 

Border Trade News

Pages