ရှောင်ကွင်းလမ်းမှ တရုတ်စားတော်ပဲ၊ တရုတ်ကြက်သွန်ဖြူနဲ့ တရုတ်ဝက်စာများသိမ်းဆည်းရမိ

Tue, 01/20/2015 - 14:29 -- admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Asia World Toll Gate အနီးရှောင် ကွင်းလမ်းပေါ်တွင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် တရုတ်နိုင်ငံထွက် စားတော်ပဲ၊ ကြက်သွန်ဖြူနဲ့ ဝက်စာများ အပါအဝင် Iron Display ပြုလုပ်ရန် Angle Iron နဲ့ Iron Sheet များကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိတဲ့တရုတ်စားတော်ပဲ၊ တရုတ်ကြက်သွန်ဖြူနဲ့ တရုတ် ဝက်စာ၊ Angle Iron၊ Iron Sheet များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်နှစ်သိန်းငါးသောင်းဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ၍  အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်တယ် လို့သိရပါတယ်။

DCCA

Border Trade News

Pages