မြိတ်နယ်စပ်စခန်းမှ ကဏန်းမျိုးစုံ ၉၄ တန်ကျော်တင်ပို့

Fri, 12/05/2014 - 11:35 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက အောက်တိုဘာလ ၁၅ ရက် မှ ၂၁ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၁၇ သန်း တန်ဖိုးရှိ သဲကဏန်း ၁ တန်ကျော်၊ ကဏန်းနီ ၇၆ တန်ကျော်၊ ကဏန်းသေးအသေ ၂ တန်ကျော်၊ ကဏန်းပျော့ ၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်သီတင်းပတ်က ကဏန်းတင်ပို့မှု အနေနဲ့ သဲကဏန်းတစ်မျိုးတည်းသာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုသီတင်းပတ်တွင် ကဏန်းတင်ပို့မှုမှာ ၉၃ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
   မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ယခုသီတင်းပတ်အတွင်း ကဏန်းမျိုးစုံအပြင် ကန်ဒေါ်လာ  ၂ ဒသမ ၀၄၁ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၁၃၈၉ တန်ကျော်၊ ရေငန်ပုစွန် ၅၄ တန်ကျော်၊ ကင်းမွန် တန် ၅၀ ကျော်၊ ငါးမှုန့် ၃၆၅ တန်၊ ပုစွန်ခြောက် ၁ တန်ကျော်၊ ငါးအသားလွှာ ၄၉ တန်ကျော်တင်ပို့မှုရှိခဲ့တယ်လို့သိရပါတယ်။

ခင်မြနွယ် MIRT (DCCA)

 

Border Trade News

Pages