မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလအတွင်း ကဏန်းမျိုးစုံ ၂၂၈ တန်ကျော်တင်ပို့

Tue, 12/23/2014 - 10:11 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ  မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  နိုဝင်ဘာလအတွင်း ကန်ဒေါ်လာသုည ဒသမ ၉၀၄ သန်းတန်ဖိုးရှိ ကဏန်းပျော့ ၆၆ တန်ကျော်၊ ကဏန်းနီ ၁၅၃ တန်ကျော်၊ သဲကဏန်း ၄ တန်ကျော်၊ ကဏန်းသေးအသေ  ၅ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ကန်ဒေါ်လာ  ၅ ဒသမ ၅၇၃ သန်းတန်ဖိုးရှိ  ငါးမျိုးစုံ  ၅၅၁၇ တန်နီးပါး၊ ငါးမှုန့် ၂၀၃၅ တန်ကျော်၊ ရေငန်ပုစွန်  ၉၃ တန်ကျော်၊ ပုစွန်  ၁၂၈ တန်ကျော်၊  ကင်းမွန် ၇၂ တန်ကျော်၊ ငါးအသားလွှာ  ၉၇ တန်ကျော်၊ ကင်းမွန်ခေါင်း  ၄၃ တန်ကျော်၊ ငါးခြောက် ၁၈ တန်ကျော်၊  ပုစွန်ခြောက် ၄တန်ကျော်၊ ရေခူခြောက် ၈တန်ကျော်၊ ကင်းမွန်ခြောက် ၁ တန်ကျော်၊ ငါးဆားနယ် ၁ တန်ကျော် နဲ့ ခရုသားအနည်းငယ်တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

ခင်မြနွယ် MIRT (DCCA)

 

Border Trade News

Pages