မြိတ်ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ် ကာလတူထက်ပါရေထွက်ကုန်ပိုမိုတင်ပို့

Tue, 04/05/2016 - 05:48 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရ ှိ မြိတ်ကုန် သွယ်ရေးစခန်းမှ၂၀၁၆ ခုနှစ် မတ်လ အတွင်းကန်ဒေါ်လာ ၁၀ ဒသမ ၁၅၄ သန်းတန်ဖိုးရှိ ရေထွက်ကုန်၉၅၄၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါကတန်ဖိုး ကန် ဒေါ်လာသုည ဒသမ ၃၅၇  သန်း၊ တန်ချိန် ၉၁၇ တန်ကျော်၊ယမန်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ပါကတန်ဖိုး  ကန် ဒေါ်လာ ၂ ဒသမ ၂၃၂ သန်း၊ တန်ချိန် ၂၆၉၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ မတ် လအတွင်းတင်ပို့ခဲ့သော  ရေထွက်ကုန်များမှာ  ငါးမျိုးစုံ ၆၆၂၈တန်ကျော်၊ ပုစွန် ၁၄၅ တန်ကျော်၊ငါးမှုန့် ၂၆၄၆ တန်ကျော်၊ကင်းမွန်(အခွံချွတ်)၁၆တန်ကျော်၊အေးခဲကဏန်းပျော့ ၅၇၆ ကီလိုဂရမ်၊ငါးအသားလွှာ၂၄ တန်၊ ကဏန်းနီ ၂၅ တန်ကျော်၊ပုစွန်ခြောက် နှစ်တန်ကျော်၊ကင်းမွန် ၁၂ တန်ကျော်၊ ကဏန်းသေး(အသေ)လေးတန်ကျော်၊ သဲကဏန်းနှစ်တန်ကျော်၊  ကင်းမွန်ခေါင်း  ခုနစ်တန်ကျော်နဲ့ကင်းမွန် ခြောက် ၂၇တန်ကျော်  အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်
ခင်မြနွယ်

Border Trade News

Pages