မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန် ၂၇၀၀ တန်ကျော်တင်ပို့

Mon, 01/19/2015 - 13:02 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလအတွင်း အဓိကပို့ကုန်ဖြစ်သော လယ်ယာ ထွက်ကုန်ကို ကန်ဒေါ်လာ  ၁ ဒသမ  ၇၆၀ သန်း၊ တန်ချိန် ၂၇၀၇ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း တင်ပို့နိုင်သော လယ်ယာထွက်ကုန်များမှာ မြေပဲဆံ  ၅၅၀ တန်ကျော်၊ ပဲတီစိမ်း  ၃၅၁ တန်၊ ငရုတ်သီးခြောက်  ၁၈၄ တန်ကျော်၊ ကြက်သွန်နီ ၁၂၉၈ တန်ကျော်၊ နှမ်းနက်  ၆၈ တန်ကျော်၊ မတ်ပဲ  တန် ၂၁၀ ကျော်၊ သီဟိုစေ့ ၈ တန်ကျော်၊ ချင်းခြောက်  ၇တန်ကျော်၊ နနွင်းတက်  ၂၁ တန်နဲ့ နွယ်ချို  ၇ တန်ကျော် ဖြစ်ပါတယ်။
   မြဝတီကုန်သွယ်ရေးဇုန်က ယခုတစ်ပတ်တွင်းမှာလည်း ကန်ဒေါ်လာ သုည  ဒသမ ၅၀၅ သန်းတန်ဖိုးရှိ ကြက်သွန်နီတန် ၈၇၀ ကျော်၊ မြေပဲဆံ တန် ၃၄၀ နီးပါးနဲ့ ငရုတ် သီးခြောက် ၂၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

Border Trade News

Pages