မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သကြားဖြူတန်ချိန် လေးသောင်းကျော်တင်ပို့

Wed, 05/11/2016 - 06:02 -- admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက် သီတင်းပတ်အတွင်း တစ်ဖက်တရုတ်နိုင်ငံသို့ ကန် ဒေါ်လာ၂၅ ဒသမ ၃၆၅ သန်းတန်ဖိုးရှိ  သကြားဖြူ ၄၄၆၉၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ထက်ယခုသီတင်းပတ်မှာသကြားဖြူ ၃၄၈၇၅ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့သကြားလိုအပ်ချက်ကြောင့် သကြားဖြူများနေ့စဉ်တင်ပို့နေရတယ်လို့ မူဆယ်ကုန်သည်များထံမှသိရပါတယ်။ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ လက်လီတစ်ပိဿာ ပေါက်ဈေး ၁၂၀၀-၁၃၀၀ကျပ် ဈေးရှိတယ်လို့ သိရှိရပါတယ်။

မြင့်မြင့်မာ

Border Trade News

Pages