မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးဆန်၊ ဆီးသီးခြောက် တန် ၄၀ ကျော် တင်ပို့

Thu, 05/12/2016 - 09:18 -- admin_ygn

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်းကန်ဒေါ်လာ သုည ဒသမ ၃၀၃ သန်း တန်ဖိုးရှိ ဆီးဆန် ၂၄ တန်ကျော်နဲ့ ဆီးသီးခြောက် ၁၈ တန်ကျော်ကိုတရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆီးဆန် ၂၃ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုသီတင်း ပတ်မှာတော့ ဆီးဆန် တစ်တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ စစ်တွေကုန်သွယ်ရေးစခန်း ကတော့ ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း ဆီးဆန်၊ ဆီးသီးခြောက် တင်ပို့မှုမရှိသော်လည်း ဆီးယိုထုပ် ၂၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တင်တင်ထွန်း

Border Trade News

Pages