ပြောင်းတန်ချိန် နှစ်သိန်းကျော်တင်သွင်းရန် ခေါ်ထားတဲ့တင်ဒါကို အိန္ဒိယက ပယ်ဖျက်

Thu, 03/31/2016 - 06:47 -- admin_ygn

အိန္ဒိယနိုင်ငံက ခေါ်ထားတဲ့ ပြောင်းတန်ချိန် ၂၄၀၀၀၀ တင်သွင်းရန် တင်ဒါ အား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ် ၁၉ ရက်က ရိုက်တာသတင်းမှာ ဖော်ပြ ထားပါတယ်။ကူးသန်းရောင်းဝယ်ရေးဌာနနဲ့ အစိုးရဌာနများမှအရာရှိများက ယခု နွေရာသီပြောင်းစပါးဟာ အထွက်ကောင်းပြီး ပမာဏများပြားနိုင်မယ်လို့ မျှော်မှန်း ထားတာကြောင့်ပြည်ပမှပြောင်းတင်သွင်းရန် ခေါ်ထားတဲ့ တင်ဒါကို ပြန်လည်ဖျက် သိမ်းလိုက်တာဖြစ်ပါတယ်။ အိန္ဒိယဟာGMO (Genetically modified food) များ စိုက်ပျိုးခွင့်ကိုကန့်သတ်ထားတဲ့အပြင် ပြည်ပမှ တင်သွင်းမှုကိုလည်း ခွင့်ပြုထားခြင်း မရှိဘူးလို့သိရပါတယ်။
တင်ဒါခေါ်ယူခြင်းအား မပယ်ဖျက်မီ  အိန္ဒိယသည် ယူကရိန်းမှ ပြောင်းတန် ၂၅၀၀၀၀ ကို ရရှိထားပြီးဖြစ်ပါတယ်။ ကမ္ဘာ့ရောင်းအားအရှိဆုံးဖြစ်တဲ့Agrocorp , Concordia , Noble,Starcon  နဲ့Daewoo International   တို့က ပြောင်း တန် ၂၄၀၀၀၀ အတွက် ဈေးပြိုင်လေလံစနစ်နဲ့ တစ်တန်ကို ၁၉၄ ဒသမ၆၂ ဒေါ်လာ နဲ့ ၂၂၂ ဒသမ ၅၀ ဒေါ်လာကြားဈေးများနဲ့ပြောင်းတင်သွင်းမယ့် လေလံဈေးများကို  ခေါ်ယူထားပြီး ဖြစ်တယ်လို့ Hellenishippingnews.com သတင်းမှာ ဖော်ပြထား ပါတယ်။                                                             
 CMK

 

Border Trade News

Pages