ပို့ကုန် Bank Certificate သတ်မှတ်ချက်ဖြေလျော့ပေးရေး အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် နယ်စပ်ကုန်သည်များတောင်းဆို

Fri, 01/09/2015 - 13:06 -- admin_ygn

    ဒီဇင်ဘာလ ၂၄ ရက်နေ့က ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပို့ကုန်ပစ္စည်းများကို Creditပြရန်မလိုဘဲတင်ပို့နိုင် လျှင် ကုန်သည်များအနေနဲ့ Turnover မြန်မြန်ဆန်ဆန်နဲ့ ပိုမိုတင်ပို့/တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ကုန်သည်များအနေနဲ့  Credit အတွက် ရင်းနှီးမှုများ ပြုလုပ်နေရသေး၍   ပို့ကုန် Bank Certificate ဖြေလျော့ပေးရေးကိစ္စ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန်သည်ကြီးများ အသင်းက ကုန်သည်များကိုယ်စားတင်ပြဆွေးနွေးခဲ့ပါတယ်။
  တင်ပြဆွေးနွေးချက်အပေါ် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း OSS အကောက်ခွန်ဦးစီးဌာနတာဝန်ခံက Bank Certificate ဖြေလျော့ပေးရေးနဲ့ စပ်လျဉ်းပြီး အကောက်ခွန်ဦးစီးဌာန၌ ကုန်ပစ္စည်းတင်ပို့ရန် Export   Declara-tion  ED ဖွင့်လှစ်ခွင့်လျှောက်ထားရာတွင် ပို့ကုန်လိုင်စင်၊ ပါမစ် Invoice Parking List၊ Shipping Instruction၊ Booking Note တို့နဲ့ ငွေရပြီးကြောင်း အထောက်အထားအပြင် Letter Of Credit L/C  (သို့မဟုတ်) Telegraphic Transfer TT တို့ကို ပူးတွဲပြစေ ပြီး ပြည့်စုံမှန်ကန်မှုရှိပါက ပစ္စည်းတင်ပို့ခွင့်ပြုလျက်ရှိကြောင်း၊  ငွေရပြီးကြောင်းအထောက်အထားစာရွက်ကို ဦးစွာတင်ပြစေခြင်းမှာ ပြည်ပသို့တင်ပို့သော ပစ္စည်းများအတွက်  ပစ္စည်းတန်ဖိုးရရှိပြီးမှ တင်ပို့ခြင်းအားဖြင့်ကုန်ပို့သူအတွက် ကုန်ရောင်းငွေအပြည့်အဝရရှိမည်ဖြစ်သည့်အပြင်  နိုင်ငံတော်အတွက်ရသင့်သည့် နိုင်ငံခြားငွေများဆုံးရှုံးမှုမရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊  ကုန်သည်များမှ ကုန်ပစ္စည်းများမတင်ပို့မီ ငွေရပြီးကြောင်းအထောက်အထား Bank Certificate အားဖြေလျော့ပေးရန် တင်ပြမှုအပေါ် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရရှိသေးပါကြောင်း၊ သို့သော် လည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ပို့ကုန်ကဏ္ဍတွင် Bank Certificate ဖြေလျော့ရေးနဲ့ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်မည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းတွင်   နိုင်ငံခြားငွေဝင်ရောက်မှု ရှိ၊ မရှိစိစစ်ပြီး ခြောက်လအတွင်း ငွေဝင်ရောက်ခြင်းမရှိပါ က မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သတင်းပို့ခြင်းကို ထည့်သွင်းထားပြီးဖြစ်၍ အဆိုပါစည်းမျဉ်းများထွက်ပေါ်လာပါက ဖြေလျော့ထားပြီးဖြစ်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၄ ဖြင့်  ၃-၉-၂၀၁၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော် အတွက် နိုင်ငံခြားငွေဝင်ရောက်မှုနှင့် Money Laundry ဆိုင်ရာကိစ္စများအပေါ်ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့် လုပ်ငန်းလိုင်စင်ရရှိသူတို့မှ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသဖြင့် အကောက်ခွန် ဦးစီးဌာနမှ ဝိုင်းဝန်းကြီးကြပ်ရန်၊ မလိုအပ်ပါက ငွေလွဲအထောက်အထားတင်ပြရန်မလို ဘဲ ED ဖွင့်လှစ်၍ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ လောလောဆယ်အထက်ဌာနမှ ညွှန်ကြားချက်မရရှိသေးပါကြောင်း၊ ရရှိပါကထုတ်ပြန်ကြော်ငြာပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ရှင်းပြဖြေကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

MIRT (DCCA)

 

Border Trade News

Pages