နယ်စပ်စခန်းများမှ သစ်သီးဝလံမျိုးစုံ တင်ပို့/တင်သွင်း

Mon, 01/12/2015 - 15:06 -- admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ ၁၃ ဒသမ ၃၄၈ သန်းဖိုးရှိ ဖရဲသီး ၁၀၅၁၂၈ တန်၊ ကန်ဒေါ် လာ ၄ ဒသမ ၈၁၉ သန်းဖိုးရှိ သခွားမွှေး ၂၃၆၂၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၁၄၈ သန်းဖိုးရှိ  ဆီးသီး ၁၀၈၅ တန်ခွဲနဲ့ ကန်ဒေါ်လာ ၂၁၄၅ တန်ဖိုးရှိ အုန်းသီး ၁၄ တန်ခွဲနှင့် လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၁ သန်းဖိုးရှိ  ဖရဲသီး ၃၁၆ တန်တို့ကို တင်ပို့နိုင်ခဲ့သလို ကန်ဒေါ်လာ ၅ ဒသမ ၇၀၇ သန်းတန်ဖိုးရှိတဲ့ ပန်းသီး၊ ပန်းသစ်တော်သီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတန်ချိန် ၁၆၂၆၀ ကျော်၊ ကန်ပိုက်တီးစခန်းမှ ကန်ဒေါ်လာ ၂၁၂၃ တန်ဖိုးရှိ ပန်းသီး ၄ တန်ခွဲကိုလည်းတင်သွင်းနိုင်ခဲ့ပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ လိမ္မော်သီး ၁ တန်ခွဲကို ၅၂၅ ဒေါ်လာဖိုး တင်သွင်းခဲ့တာတွေ့ရပါတယ်။

မော်မော်အောင် MIRT (DCCA)

Border Trade News

Pages