ထိုင်း-မြန်မာနယ်စပ်ရှိမောတောင်ကုန်သွယ်ရေးစခန်းမှ ခဲသတ္တု စတင်တင်ပို့

Fri, 11/20/2015 - 13:06 -- admin_ygn

ထိုင်း-မြန်မာနယ်စပ်ရှိ  မော တောင်   ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၇၅၈၀ တန်ဖိုးရှိ  ခဲသတ္တု ငါးတန်ကျော်ကို အောက်တိုဘာလမှ စတင်တင်ပို့နိုင်ခဲ့တယ်လို့  မောတောင် ကုန်သွယ်ရေးစခန်းက သတင်းရရှိပါ တယ်။မောတောင်  ကုန်သွယ်ရေးစခန်း ဟာ အောက်တိုဘာလမှာ  ပို့ကုန်ကန် ဒေါ်လာ သုည ဒသမ ၀၈၁ သန်း၊ သွင်း ကုန်ကန်ဒေါ်လာ  သုည ဒသမ ၄၀၈ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၄၈၉ သန်းကျော်  ဆောင် ရွက်နိုင်ခဲ့ပါတယ်။  အများဆုံးပို့ကုန် တွေကတော့  သင်္ဘောသီး၊ ငါးမျိုးစုံ၊ ကမာခွံ၊ ခရု၊ ဇင့် တို့ဖြစ်ကြပြီး  အများ ဆုံးသွင်းကုန်တွေကတော့  မော်တော် ယာဉ်၊  မော်တော်ဆိုင်ကယ်၊ ဒီဇယ်ဆီ၊ ကွန်ကရစ်ပိုက်၊   လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီးနဲ့ ပလတ်စတစ်ဘူးများ လို့သိရ ပါတယ် ။အနီးစပ်ဆုံး ကာလထက်ရော ယမန်နှစ်ကာလတူထက် ပို့ကုန်ရောသွင်းကုန်ပါ ပိုမိုခဲ့သဖြင့် ကုန်သွယ်မှု လည်းပိုမိုခဲ့ပါတယ်။ထိုကဲ့သို့  ပိုမိုရခြင်းမှာ ပို့ကုန် ပိုင်းမှာ ခဲသတ္တု စတင်တင်ပို့နိုင်ခြင်း၊ သွင်းကုန် ပိုင်းမှာ  ထီးခီးတွင် ရုံးဖွင့်ထား သော ကုမ္ပဏီများမှ   မော်တော်ဆိုင် ကယ်နဲ့   မော်တော်ယာဉ်များတင်သွင်း ခဲ့တဲ့အတွက် ဖြစ်ပါတယ်။    

MIRT

Border Trade News

Pages