တစ်ဖက်နိုင်ငံ နိုင်ငံရေးမတည်ငြိမ်သော်လည်း ကုန်သည်လုပ်ငန်းရှင်များ အားကြိုးမာန်တက်ဆောင်ရွက်ခဲ့၍ တမူးနယ်စပ်ကုန်သွယ်မှုအဆင့် (၄) နေရာမှာရှိနေ

Wed, 12/17/2014 - 13:39 -- admin_ygn

   တမူးနယ်စပ်ကုန်သွယ်ရေး စခန်း သည် နိုဝင်ဘာလမှာ ပို့ကုန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၂၇၁ သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၃ ဒသမ ၂၆၂ သန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၈၄ ရာခိုင်နှုန်းကျော်သာဆောင်ရွက်နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်း ၁၆ ခုရှိတဲ့အနက် လျာထားချက်အပေါ် ၁၂၈ ရာခိုင်နှုန်းကျော်ဆောင်ရွက်နိုင်ခဲ့ပြီး အဆင့် (၄) နေရာထိရှိနေတယ်လို့သိရပါတယ်။ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီမှုမရှိခြင်းကတော့ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေကြောင့် အရောင်းအဝယ် လုပ်ရတဲ့ရက် ၁၀ ရက် ၁၁ ရက်သာရှိတဲ့အတွက်ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ၁၀ ရက်နဲ့  ၁၁ ရက်မှာ မိမိဘက်မှ ဂန့်ဂေါလမ်း၊ ယာကြီး လမ်းများ၊ လမ်းပျက်ခဲ့ကြောင်း၊ ၁၂ ရက်နေ့မှာ တစ်ဖက်နိုင်ငံတွင်ကားမိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်ကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်ပြီး နယ်စပ်အမှတ် (၁) နဲ့ (၂) ဂိတ်များမှာ လူဝင်လူထွက်မှုများအား ရှာဖွေစိစစ်ခဲ့ကြောင်း မိုရေး-အင်ဖာလမ်းပိတ်သည်မှာလည်း ယခုလအတွင်း လေး၊ ငါးကြိမ်ခန့်ရှိပါကြောင်း အခက်အခဲများစွာ ကြုံတွေ့ကြရသော် လည်း ကုန်သည်လုပ်ငန်းရှင်များ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ  အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုများ မြင့်တက်လာရတယ်လို့ စခန်းတာဝန်ခံ က  နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။

MIRT (DCCA)

 

Border Trade News

Pages