ဂျူတီယာဉ် နှစ်စီးပေါ်မှ ID ထက် ပိုမိုတင်ဆောင်လာတဲ့ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ

Wed, 12/10/2014 - 13:24 -- admin_ygn

   မူဆယ် (၁၀၅) မိုင်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက် စဉ် အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ဂျူတီ ၁၂ ဘီးယာဉ်အမှတ် (၉င/xxxx)  ယာဉ်ပေါ်မှ ID ထက် ပိုမိုတင်ဆောင်လာတဲ့  ပျဉ်းကတိုးအထပ်သားပြား ၄၅၀ချပ်ကို သိမ်းဆည်း ရမိသဖြင့် အကောက် ခွန်အမှုတွဲဖွင့်လှစ်ကာ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။
   အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း ဂျူတီ ၆ ဘီးယာဉ် အမှတ် (၈ဈ /xxxx)  ယာဉ်ပေါ်မှ ID  ပါပစ္စည်း အနွေးထည်(ကလေးဝတ်) အစား အနွေးထည် (လူကြီးဝတ်) များကိုတင်ဆောင်လာကြောင်းစစ်ဆေးတွေ့ရှိသဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်သိမ်းဆည်းခဲ့တယ် လို့ သိရပါတယ်။

DCCA

 

Border Trade News

Pages