ခန့်မှန်းတန်ဖိုးကျပ် ၇၆ သိန်းဖိုးရှိ လက်ကိုင်ဖုန်းများ သိမ်းဆီးရမိ

Mon, 12/15/2014 - 14:02 -- admin_ygn

   စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့ Mobile Team လရ-၁ အဖွဲ့သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ Canter  ယာဉ်အမှတ် (9G/xxxx) ယာဉ်သည် လရ-၁ယာဉ်စစ်ဆေးရာနေရာသို့ဝင်ရောက်အစစ်ဆေးခံစဉ် ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးကျပ် ၇၆ သိန်းဖိုးရှိ လက်ကိုင်ဖုန်းအလုံး ၃၀ ကို စစ်ဆေးတွေ့ရှိသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးတွေ့ရှိတဲ့ ဖုန်းများရဲ့ တံဆိပ်များကတော့ DISKO၊ NOVA ( A 390) နဲ့ SOLOKIING (S 3310 ) Brand များဖြစ်ပြီး နောင်ချိုမြို့နယ် အကောက်ခွန်ဦးစီးဌာနတွင်အမှုတွဲဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA

Border Trade News

Pages