ကော့သောင်း ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန်ပိုမိုတင်ပို့

Thu, 03/17/2016 - 06:22 -- admin_ygn

   မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရေထွက်ကုန် ကန်ဒေါ်လာ ၅ ဒသမ ၅၄၂ သန်းတင်ပို့နိုင်တဲ့အတွက် အနီးစပ်ဆုံးကာလထက် ကန်ဒေါ်လာ ၁ ဒသမ ၁၃၈ သန်းပိုမို တင်ပို့နိုင်သလိုယမန်နှစ်ကာလတူထက်လည်း ၂ ဒသမ ၀၄၉ သန်းပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန် ပိုမိုတင်ပို့နိုင်ခြင်းမှာ ရေထွက်ကုန် ပိုမိုတင်ပို့နိုင်၍ ဖြစ်ပါတယ်။ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း တင်ပို့ ခဲ့တဲ့ပစ္စည်းများမှာ ငါးမျိုးစုံ၊ကင်းမွန်၊  အခြားရေထွက်ပစ္စည်း၊ပုစွန်၊ပင်လယ် ငါးရှဉ့်၊ရေဘဝဲ၊ရော်ဘာဖြတ်စ၊ ဆီအုန်းကြိတ်ဖတ်နဲ့ ကဏန်းတို့ဖြစ်ပါ တယ်။
ခင်မြနွယ်

Border Trade News

Pages