ကော့သောင်းကုန်သွယ်ရေးစခန်းမှ ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏပိုမိုဆောင်ရွက်

Tue, 05/10/2016 - 08:24 -- admin_ygn

     မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့ သောင်း ကုန်သွယ်ရေးစခန်းက၂၀၁၆ ခုနှစ် ဧပြီလတွင် ပို့ကုန်ကန်ဒေါ်လာ ၅ ဒသမ ၃၆၁ သန်း၊ သွင်းကုန် ကန် ဒေါ်လာ ၄ ဒသမ ၉၁၆ သန်း၊ ကုန် သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၀ ဒသမ ၂၇၇ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ်ကာလတူထက် ပို့ကုန် ကန် ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်၊ သွင်း ကုန်ကန်ဒေါ်လာ သုညဒသမ  ၈၈သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန် ဒေါ်လာ ၃ ဒသမ ၂၅၄ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကာလတူထက်ပို့ကုန်ပိုင်းပိုမိုရခြင်းမှာ ကော့ သောင်းဒေသရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ရေထွက်ကုန် ငါးမျိုးစုံ၊ ပုစွန်၊ ပင်လယ် ငါးရှဉ့်နဲ့ ရေဘဝဲ၊ လယ်ယာထွက်ကုန် အုန်းသီး၊ ရော်ဘာသစ်ခွဲသားများနဲ့ ဆီ အုန်းကြိတ်ဖတ်ကုန်ကြမ်းများ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။သွင်းကုန်ပိုင်းပိုမိုရခြင်းမှာရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုမှ ဘိလပ်မြေ၊ လုပ်ငန်းသုံးပစ္စည်း၊ ဓါတ်မြေသြဇာ၊ ရေနံထွက်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း များဖြစ်တဲ့ေ ဆးဝါးပစ္စည်းများ၊ နို့ဆီ၊ စားအုန်းဆီ၊ ဆပ်ပြာတို့ ပိုမိုတင်သွင်း နိုင်ခဲ့တဲ့အတွက်လို့သိရပါတယ်။အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ရာမှာတော့ ဧပြီကသြင်္ကန်မြန်မာ နှစ်သစ်ကူး ရက်ရှည်ရုံးပိတ်ရက်ဖြစ်ခြင်း၊ သြင်္ကန်မတိုင်မီကာလက လည်း ပို့ကုန် ငါးဖမ်းလှေများ ထွက်ခွာမှုမရှိခြင်း၊ သွင်းကုန်ကမ်းရိုးတန်းလှေများလည်း ရန်ကုန်သို့အားလုံးထွက်ခွာသွားကြပြီးသြင်္ကန်ကာလပြီးမှ ပြန်လည်ဝင်ရောက်လာသဖြင့်ကုန်တင်ပို့နိုင်မှုလျော့နည်းခဲ့ကြောင်း၊ ပို့ကုန်ရောသွင်း ကုန် ပါ လျော့ နည်းခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၆၀၅ သန်းလျော့ နည်းဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဧပြီတွင် အများဆုံး တင်ပို့သောကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ကင်းမွန်၊ ပုစွန်၊ ပင်လယ်ငါးရှဉ့်၊ အခြားရေထွက်ပစ္စည်း၊ အုန်းသီး၊ ဆီအုန်းကြိတ်ဖတ်ကုန် ကြမ်း၊ ရေဘဝဲ၊ ရော်ဘာ သစ်ခွဲစနဲ့ကဏန်းတို့ဖြစ်ပါတယ်။ အများဆုံးသွင်းကုန်များမှာ ဘိလပ်မြေ၊ အခြားပစ္စည်းများ၊ သံနဲ့သံမဏိပစ္စည်းများ၊ ရေနံ ထွက်ပစ္စည် များ၊ ဆေးဝါးပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများ၊ ဓာတ်မြေသြဇာ များ၊ သုတ်ဆေး၊ ပေါလစ်များ၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ စားအုန်းဆီ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ နို့ဆီ၊ မီးဖိုချောင် သုံးပစ္စည်းများနဲ့ဆောက်လုပ်ရေး ပစ္စည်း များ ဖြစ်ကြပါတယ်။ ယခုနှစ် ဧပြီလမှာ  ှုွှဃ  နဲ့ အသုံးပြုပြီး ကုန်သွယ် မှုဆောင်ရွက်ခြင်းမရှိဘူးလို့သိရပါ တယ်။ကော့သောင်းဒေသရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ရေထွက်ပစ္စည်များ ပိုမို တင်ပို့နိုင်ခြင်းမှာ ကော့သောင်းမြို့နယ် ငါးလုပ် ငန်းဦးစီး ဌာနနဲ့ ပို့ကုန် တိုးတက် တင်ပို့ရေး    ညှိနှိုင်းဆောင်ရွက်ခြင်း၊ ရေထွက်ပစ္စည်းတင်ပို့တဲ့ကုမ္ပဏီများ ကလည်းသတ်မှတ် GTR  အတိုင်းတင်ပို့ ခြင်း၊ ကော့သောင်းငါးလုပ်ငန်းဦးစီး ဌာနကလည်း ရေလုပ်ငန်းရှင်များ သတ် မှတ်အရေအတွက် ပြည့်မီအောင်တင်ပို့ နိုင်ရေး တွန်းအားပေးဆောင်ရွက်ခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ မကြာမီမိုးတွင်း ကာလရောက်ရှိပါက ငါးဦးစီးဌာနမှ ငါးမဖမ်းရ သတ်မှတ်ကာလများတွင် ပို့ကုန်လျော့နည်းသွားနိုင်ခြင်း၊  ရာသီ ဥတုဆိုးရွားတဲ့ ကာလများမှာ အဓိက သွင်းကုန်ပစ္စည်း ဘိလပ်မြေများ တင် သွင်းနိုင်မှု လျော့နည်းနိုင်တယ်လို့မျှော်မှန်းထားပါတယ်။

Pan

Border Trade News

Pages