ကယားတောင်ကုန်းမြင့်ကော်ဖီ စျေးကွက်အခြေအနေ

Tue, 01/10/2023 - 04:53 -- mocadmin

   ကယားပြည်နယ်တွင် စပါးနှင့်ပြောင်းကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး အချို့ဒေသများ တွင် ရွေ့ပြောင်းတောင်ယာမှ နှစ်ရှည်သီးနှံပြောင်းလဲ၍ ကော်ဖီသီးနှံကိုနှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုး လာရာ ၂၀၂၁-၂၀၂၂ ခုနှစ် ကော်ဖီစိုက်ဧက (၇၀၉) ဧက၊ ရိတ်ဧက (၂၀၈) ဧကနှင့် တစ်ဧက (၁၄၆) ပိဿာခန့်  စုစုပေါင်းအထွက်နှုန်းမှာ (၃၀၄၈၃) ပိဿာထွက်ရှိကြောင်း သိရှိရသည်။ ကော်ဖီကို ဒီမောဆို၊ ဒေါဘျာကူဒေသနှင့် ဖရူဆို၊ ဟိုယာ/ ဘီယာဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး နည်းပညာအနေဖြင့် ဂျပန် (စိုက်၊ခူး၊သန့်စင်)နည်းဖြင့် စိုက်ပျိုး၍ ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့တင်ပို့ပြီး ပြည်ပဈေးကွက်အနေဖြင့် စင်္ကာပူ၊ ဂျပန်နိုင်ငံများသို့ တစ်နိုင်တစ်ပိုင် တင်ပို့ လျက်ရှိသည်။ ကယားတောင်ကုန်းမြင့်ဒေသမှာ အာရာဗီကာနှင့် ကယားလီကော်ဖီ အမျိုးအစား များ ထုတ်လုပ်ပြီး ကော်ဖီမှုန့် (၁၀၀)ဂရမ် တစ်ထုပ်လျှင် ၂၅၀၀ ကျပ်၊ (၂၀၀)ဂရမ် တစ်ထုပ်လျှင် ၄၅၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။

Border Trade News

Pages