WTO Negotiations and Empirical Issues သင်တန်းဖွင့်လှစ်သွားမည်

Thu, 02/04/2016 - 03:14 -- admin_ygn

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် Centre  for  WTO  Studies,  India တို့ပူးပေါင်း၍ Training on WTO Negotiations and Empi-rical Issues  သင်တန်းကို ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ် မှုပညာပေးရေးဌာနခွဲ ကုန်သွယ်မှုသင်တန်းကျောင်းမှာ ဖွင့်လှစ်သွားမယ်လို့ သတင်းရရှိပါတယ်။
          သင်တန်းတွင်Introduction to Doha Round of WTO Negotiations, Key Issues for  LDCs in WTO Agriculture and NAMA Negotiations & Issues for Research by Myanmar, Negotiation Strategies and Simulation Exercise on Trade Negotiation  စတဲ့ ဘာသာရပ်များကို ပို့ချပေးသွားမယ်လို့ သတင်းရရှိပါတယ်။ သင်တန်းသို့သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မွေးမြူရေးရေလုပ်ငန်းနဲ့ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ သင်တန်းသား ၄၀ ဦးတက်ရောက်သွားမယ်လို့သတင်းရရှိပါတယ်။

 

MIRT