Trading Across Borders Indicator Ranking မြင့်မားတိုးတက်ရေး ဆွေးနွေး

Tue, 11/05/2019 - 05:59 -- admin_ygn

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန သည် Trading Across Borders  Indicator  Ranking  မြင့်မားတိုးတက်ရေးအတွက် မော်တော်ယာဉ်အပိုပစ္စည်း  တင်သွင်းသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း  အခမ်းအနား ကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ Trading Across Borders Indicator အထောက်အကူပြုအဖွဲ့ ၏  အဖွဲ့ခေါင်းဆောင်၊ ကုန် သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေမှူး ဦးမိုးကျော်အေး၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင် လက်ထောက်အထွေထွေမန်နေဂျာ  ဦးစိန်ဝင်း၊  မြန်မာအပြည်ပြည်ဆိုင်ရာ   ကုန် စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် ဖိတ် ကြားထားသူများ တက်ရောက်ခဲ့သည်။

       ရှေးဦးစွာ ကုန်သွယ်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက Trading Across Borders Indicator Ranking တိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့်   လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်အေးက ပို့ကုန်/သွင်းကုန်ရှင်းလင်းရေး  လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်ထောက်အထွေထွေမန်နေဂျာ ဦးစိန်ဝင်းက ဆိပ်ကမ်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြေလျော့ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

        “Ease of  Doing Business rSm Trading  Across Borders အောက်မှာရှိတဲ့ Import ပိုင်းမှာ မော်တော်ယာဉ်အပိုပစ္စည်းတင် သွင်းမှုလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး တွေ့ဆုံတာပါ။ တစ်ဦးချင်း  အသေးစိတ်တွေ့ပြီး ပြောဖို့မဖြစ်နိုင်တဲ့အတွက်  Ease of Doing Business ရဲ့ မေးခွန်းတွေကို ဖြေထားတဲ့အဖြေပေါ်မူတည်ပြီး လိုအပ်ရင် Individually ဆက်သွယ်ပြီးတော့ ပြဿနာကိုရှင်းလင်း တဲ့နည်းလမ်းကို ရွေးချယ်ထားပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။ ထို့နောက် Zeya & Association Co.,Ltd ဥက္ကဋ္ဌ ဦးဇေယျသူရမွန်က Trading Across Borders လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍လည်းကောင်း၊ တက်ရောက်လာသော ဧည့်သည်တော်များက လက်ရှိအခြေအနေများအပေါ် အတွေ့အကြုံများကို လည်းကောင်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ပိတ်သိမ်းခဲ့သည်။                                                                                

 

သန်းထိုက်အောင်