Myanmar Tradenet 2.0 အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု သက်ဆိုင်ရာဝန်ကြီးဌာနများအား အသုံးပြုပုံနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

Fri, 12/27/2019 - 08:38 -- admin_ygn

     Myanmar Tradenet 2.0 အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအား စနစ်အသုံးပြုပုံနှင့်ပတ်သက်၍ Awareness ပြုလုပ်သည့် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၊ ညီလာခံခန်းမ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
    အဆိုပါဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ သက်ဆိုင်ရာဌာနခွဲ ကိုယ်စား လှယ်များ၊ ကုန်သွယ်မှု ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက စနစ်ပိုင်းရှင်းလင်းတင်ပြခြင်း၊ ပို့ကုန်သွင်းကုန်လိုင်စင်စနစ် များ နှစ်အလိုက် အဆင့် မြှင့်တင် အကောင်အထည်ဖော်ဆောင်ခဲ့မှုအခြေအနေနှင့် Myanmar Tradenet 2.0 အကောင်အထည် ဖော်ဆောင်မှုအခြေအနေ များ၊ National Single Window မှတစ်ဆင့် ASEAN Single Window အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ Single Entry, Single Registration Number အား ကုန်သည်လုပ်ငန်းရှင်များက ကုန်သွယ်မှုဆက်စပ်ဌာနများ အတွင်း တူညီစွာအသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
    Myanmar Tradenet 2.0 ရှိ  ကုန်သွယ်မှုဆိုင်ရာ  လုပ်ငန်းစဉ်များအားလုံးသည် ရုံးဌာနများသို့ လာရောက်ရန်မလိုဘဲ Online ပေါ်မှ အပြည့်အဝ အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ပြီး Single Registration Number အသုံးပြုနိုင်ခြင်း၊ National Single Window အထောက် အကူပြုစနစ်တစ်ခုဖြစ်စေခြင်း၊  လိုင်စင်လုပ်ငန်းများအပြင် ကုန်သွယ်မှု ဆက်စပ်ဆောင်ရွက်ရသည့်လုပ်ငန်း ဌာနများ (OGAs)မှ မိမိတို့လုပ်ငန်းစဉ်များအား မူလအတိုင်းဆောင်ရွက်၍ ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ငွေပေးချေမှုလုပ်ငန်များ၊ အီလက်ထရွန်နစ် အချက်အလက်ချိတ်ဆက်သည့်လုပ်ငန်းများ ပါဝင်သည့်စနစ်ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ထားသည့် စနစ်တစ်ခုဖြစ်ပြီး ၂၀၂၀ပြည့်နှစ်အတွင်း စတင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ရာ စနစ်တွင်ပါဝင်အသုံးပြုကြမည့် Stakeholders များအား သင်တန်းများ၊ Awarness များပြုလုပ်သည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ညိမ်းသူ(နည်းပညာ)

Local Trade News

Pages