MTSHအစုရှယ်ယာဈေး တစ်ပတ်အတွင်း ကျပ်ငါးထောင် ကျဆင်း

Tue, 06/21/2016 - 07:10 -- admin_ygn

        ယခုတစ်ပတ်အတွင်း  MTSH၏ အစုရှယ်ယာဈေးများသည် ကျပ်ငါး ထောင်ကျဆင်းသွားခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။ယခုတစ်ပတ်တွင် FMI ရှယ်ယာ ဈေးများမှာ အတက်အကျနည်းခဲ့သော် လည်း MTSH ၏ ရှယ်ယာဈေးများမှာ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ဇွန် ၁၆ရက် က ကျပ် ၄၉၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး ရုံးဖွင့်ရက်၏နောက်ဆုံးရက်ဖြစ် သည့် သောကြာနေ့တွင် ကျပ် ၅၀၀၀၀ သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြ စ်ကြောင်း သိရသည်။ သို့သော် တစ်ပတ် အတွင်း ခြုံငုံကြည့်ပါက ကျပ် ၅၀၀၀ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
        YSX ဈေးကွက် စတင်ဖွင့်လှစ် သည့်အချိန်မှ ယနေ့အထိ ရှယ်ယာ ဝယ်ယူသူများအနေဖြင့်ရှယ်ယာရောင်း ချသည့်ကုမ္ပဏီများ၏ လက်ရှိအခြေ အနေများကို စုံစမ်းခြင်းမပြုဘဲ ဈေး အတက်အကျပေါ်တွင်သာ ကစားနေ ကြေ ကြာင်း၊ ဈေးကျလျှင် လိုက်ဝယ် ကြသလိုဈေးပြန်တက်လာပါက အဝယ် ရပ်သွားလေ့ရှိကို တွေ့ရကြောင်း၊ ဈေး ကွက်အတွင်း သုံးသပ်လျက်ရှိသည်။
        FMI ရှယ်ယာများသည် ဇွန် ၁၄ ရက်က ကျပ် ၂၅၅၀၀ ရှိခဲ့ပြီး ဇွန် ၁၇ ရက်တွင် ကျပ် ၂၅၀၀၀ သို့  ကျဆင်းခဲ့ သည်။ MTSH ရှယ်ယာများသည် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ကျပ် ၅၆၀၀၀ ရှိခဲ့ရာမှ  နေ့လယ်ပိုင်းတွင် ကျပ် ၅၅၀၀၀ သို့ ကျဆင်းခဲ့သည်။ ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ကျပ် ၅၂၀၀၀ ရှိခဲ့ရာမှ ညနေပိုင်းတွင် ကျပ် ၄၉၀၀၀ သို့ကျဆင်းခဲ့သည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင် ကျပ် ၅၀၀၀၀ သို့ ပြန်လည် မြင့်တက်ခဲ့သည်။

 

မယ်သီတာ