GAC မော်တာမြန်မာ၏ ကားသစ်နှစ်စီး စတင်မိတ်ဆက်

Fri, 09/20/2019 - 06:45 -- admin_ygn

    GAC Motor Myanmar ၏ ကားသစ် နှစ်မျိုးဖြစ်သော GS 5 နှင့် GM 6 ကားသစ်များကို ပြည်တွင်းဈေးကွက်၌ စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါ ကားသစ်မိတ်ဆက်ပွဲကို စက် တင်ဘာ ၆ ရက်တွင် မြန်မာပလာဇာ ပရိုမိုး ရှင်း ဧရိယာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ မော် ဒယ် ကားသစ်နှစ်စီးကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ ကားသစ်နှစ်စီးကို ဒီဇိုင်းဖန်တီးမှု အသစ် ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ခရီးသည် ငါး ယောက်စီး SUV ကား အမျိုးအစားဖြစ်ကြောင်း၊ ထို့ပြင် စွမ်းဆောင်ရည်မြင့်မားသည့် (1.5 T Engine), (150 hp) အင်ဂျင်စနစ်၊ လုံခြုံမှု  အဆင့် မြင့်မားသည့် High Strength Steel ကားကိုယ်ထည် ဖန်တီးမှုနှင့်အတူ နည်းပညာအသုံးပြုမှုများ ပါဝင် သည့် မော်ဒယ်အမျိုးအစားအစားဖြစ် ပြီး sporty မောင်းနှင်ခြင်းကို နှစ်သက်သည့် သူများအတွက် အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
    ကားသစ်များ၏ အင်ဂျင်ကို နောက်ဆုံး ပေါ် နည်းပညာများဖြင့် လုပ်ဆောင်ထားပြီး မြင်းကောင်ရေနှင့် တွန်းအားပမာဏ များပြားသည့်အတွက် ဆီစားသက်သာစေမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာကျော် C-NCAP ၏ 5 Star Safety Award ဆုရရှိထားသည့်  All  New GS 5 နှင့် All New GM 6 မော်ဒယ်တို့ကို ပရီအော်ဒါစနစ် ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး pre launch offer အနေဖြင့် GS 5 ကို အမေရိကန်ဒေါ်လာ ၄၃၈၈၈ နှင့် GM 6 ကို အမေရိကန်ဒေါ်လာ ၃၉၈၈၈ တို့ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချောစု

Local Trade News

Pages