DIEBOLD NIXDORF က မြန်မာနိုင်ငံတွင် ရုံးဖွင့်ပြီး နည်းပညာ ဝန်ဆောင်မှုများ တိုက်ရိုက်ပေးမည်

Fri, 02/10/2017 - 06:18 -- admin_ygn

         ကမ္ဘာ့ထိပ်တန်း ငွေကြေးဆိုင်ရာ ကော်ပိုရေးရှင်း ၁၀၀ နှင့် ထိပ်တန်း လက်လီစီးပွားရေး ကုမ္ပဏီကြီး ၂၅ခု တို့၏ တီထွင်ဆန်းသစ်သော မိတ်ဖက် ကုမ္ပဏီအဖြစ် လက်တွဲလုပ်ကိုင်နေသည့် Diebold Nixdorf သည် မြန် မာ နိုင်ငံရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ ၎င်း၏ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုများကို ပြည်တွင်းဈေးကွက်သို့ တိုက်ရိုက်ဝန်ဆောင်မှု  ပေးသွားမည်ဖြစ် သည်။ Diebold Nixdorf  သည် ယခင်က  ပြည်တွင်း မိတ် ဖက် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး ပြည်တွင်းဘဏ်များ၏ self-serviceအခြေပြုနည်းပညာ လိုအပ်ချက်များကို နှစ်ပေါင်းများစွာ ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။
        မြန်မာနိုင်ငံသည် ငွေကြေးအသုံး ပြုမှု ပိုင်းနှင့်ပတ်သက်ပြီး Physical နှင့် Digital ရပ်ဝန်းနှစ်ခုအကြားတွင် လည်ပတ်လုပ်ဆောင်လျက် ရှိသော် လည်း  ငွေသားကိုသာ အဓိကထား သုံးစွဲလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိ သည့် ATM စက် အရေအတွက်သည် ၂၀၁၅ ခုနှစ်အထိ ခန့်မှန်းခြေအလုံးရေ ၁၇၈၀ ရှိကြောင်း လေ့လာတွေ့ရှိချက် တစ်ရပ်အရ သိရသည်။ ၂၀၁၅ နှစ်ကုန်မှ ၂၀၂၁ နှစ်ကုန် ဆုံးချိန်အထိ ATM စက်အသုံးပြုမှု အရေအတွက်သည်  ၂၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု သုတေသနနှင့်  စီးပွားရေးလုပ်ငန်းများအတွက် အကြံ ပေး ဝန်ဆောင်မှုများ  ပေးနေသည့် RBR အဖွဲ့က လေ့လာတွေ့ရှိထား သည်။  Diebold Nixdorf သည် အာရှ ပစိဖိတ်ဒေသတွင်း နိုင်ငံများတွင် ဖွင့်လှစ်ထားသော ဘဏ်များနှင့်အတူ လုပ်ကိုင်ကာ ဘဏ်အသုံးမပြုသူအရေ အတွက် လျော့ကျစေရန် ကူညီလုပ်ဆောင်ပေးခဲ့သလို ဘဏ်အသုံးပြုသူ များအားလည်း နည်းပညာနှင့် ဝန်ဆောင်မှု အား ပံ့ပိုးကူညီပေးခဲ့သည်။
        မြန်မာနိုင်ငံတွင် လက်ရှိဝန် ဆောင်မှု အင်ဂျင်နီယာဝန်ထမ်း ၃၀ ဖြင့် Diebold Nixdorf သည် ပြည်တွင်းဘဏ်များ၏ လိုအပ်ချက်များကို ပံ့ပိုး ပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဈေးကွက်သို့ Diebold Nixdorf ကုမ ္ပဏီ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဘဏ်များ အနေဖြင့် ၎င်းတို့၏ဝန်ဆောင်မှုလုပ် ငန်းများကို  အဓိကမြို့ကြီးများနှင့် အခြားမြို့များသို့ တိုးချဲ့လုပ်ဆောင်ရာ တွင် ကုမ္ပဏီက လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် Diebold Nixdorf သည် မြန်မာနိုင်ငံ ဈေးကွက်တွင်းသို့ ဝင်ရောက်လုပ်ကိုင်လိုသည့် နာမည်ကြီးအထင်ကရ ဖောက်သည်များနှင့်  အသစ်များအတွက် အလိုအလျောက် လုပ်ဆောင်နိုင်သည့် နည်းပညာဝန်ဆောင်မှုများ ရရှိ နိုင်ရန် ပံံ့ပိုးပေးလျက်ရှိသည်။  
       "ကျွန်တော်တို့ လုပ်ငန်းတွေကို မြန်မာနိုင်ငံဈေးကွက်မှာ ချဲ့ထွင်နိုင်တဲ့အတွက် ကျေနပ်မိပါတယ်။ ပြည်တွင်း မှာ ရုံးခန်းဖွင့်လိုက်တဲ့အတွက် ဖောက်သည်တွေနဲ့ ရင်းနှီးမှုပိုမိုရရှိအောင် တည်ဆောက်နိုင်မှာဖြစ်ပြီး ပိုမိုကောင်း မွန်တဲ့ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးသွား မှာဖြစ်ပါတယ်။  ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ဖို့ ဘဏ်လုပ်ငန်းနဲ့ retail နည်းပညာလုပ်ငန်း နယ်ပယ်တွေမှာ တီထွင်ဆန်းသစ်မှု တွေကို ကုမ္ပဏီက ဆက်လက်တွန်း အားေ ပးလုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်"ဟု Diebold Nixdorf ၏ အာရှ ပစိဖိတ်ဒေသ၊ အကြီးတန်း  ဒုတိယ ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှုဒါရိုက်တာ Neil Emerson က ပြောကြားခဲ့သည်။

 

မယ်သီတာ

Local Trade News