CMP ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၈၅၅ သန်း အပါအဝင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ရရှိလာ

Mon, 02/13/2017 - 06:22 -- admin_ygn

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ချမှတ်ထားသော မျှော်မှန်းချက်ငါးရပ်အနက်"ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်" ဟူေ သာ မျှော်မှန်းချက်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးမြှင့်တင်လျက်ရှိပါတယ်။ ဒီမိုကရေစီအစိုးရသစ်လက်ထက် မြန်မာနိုင်ငံရဲ့ကုန်သွယ်မှု အခြေ အနေဟာ ဖေဖော်ဝါရီလပထမပတ်ထိ ပို့ကုန် အမေ ရိကန်ဒေါ်လာသန်း ၉၅၂၀ ခန့်၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၃၅၄၀ သန်းဖြစ်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ၂၃၀၆၀ သန်း ဆောင်ရွက်နိုင်တာကို တွေ့ရှိရပါတယ်။ ယခုကုန်သွယ်မှုကဏ္ဍကို ကြည့်ရင် နိုင် ငံပိုင်ကဏ္ဍရဲ့ ကုန်သွယ်မှုဟာ ၁၆ ရာခိုင်နှုန်းသာရှိပြီး ပုဂ္ဂလိကကဏ္ဍရဲ့ကုန်သွယ်မှုဟာ ၈၄ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါတယ်။ အထူးသဖြင့် ပို့ကုန်ပိုင်းမှာ နိုင်ငံပိုင်ကဏ္ဍမှ တင်ပို့မှုဟာ ၃၃ ရာခိုင်နှုန်းရှိပြီး အထူးသဖြင့် သဘာ ၀ ဓာတ်ငွေ့နဲ့ ကျောက်စိမ်းတင်ပို့မှုတို့ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပြီး ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှာ အဓိကအားဖြင့် CMP စနစ်နဲ့ တင်ပို့တဲ့ ပစ္စည်းတွေကတော့ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၈၅၅ သန်း၊ လယ်ယာထွက်ကုန် က အမေရိကန်ဒေါ်လာ ၂၃၁၅ သန်းနဲ့ Re-export စနစ်နဲ့တင်ပို့တဲ့ သကြား၊ စက်သုံးဆီစတဲ့ပစ္စည်းတွေနဲ့ အခြားရေ ထွက် ပစ္စည်း၊သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းတွေ တင်ပို့တာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
         ပုဂ္ဂလိကကဏ္ဍမှာ အဓိက တင်ပို့ တဲ့ CMP စနစ်နဲ့ပို့တဲ့ပစ္စည်းတွေက ချုပ်ပြီးအဝတ်အထည်၊ ဖိနပ်၊ အိတ် အမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း၊ ရေထွက်ပစ္စည်းတွေဖြစ်ပါတယ်။ ယခု CMP ပို့ကုန်တွေကိုကြည့်မယ်ဆိုရင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကစပြီး တစ်နှစ်ပြီး တစ်နှစ် တိုးတက်တင်ပို့ လျက်ရှိရာ ယခုနှစ်ဟာ စီးပွားရေးအခွင့်အလမ်းများ ပိုမို ရရှိလာတာနဲ့အမျှ CMP ပို့ကုန်များ တိုးတက်လာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် CMP လုပ်ငန်းတွေ ဖြစ်ပေါ်လာ ပုံအကြောင်းကို ပြန်ပြောင်းကြည့် မယ်ဆိုရင် CMP လက်ခစားစနစ် ဆောင်ရွက်ခြင်းကို ၁၉၉၁-၁၉၉၂ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး CMP လုပ်ငန်းများကြီးကြပ် ရေးေ ကာ်မတီကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌရုံးရဲ့ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့စွဲပါ စာ အမှတ်၊ ၁၆၃/နယက(ဥ)လခစ ဖြင့် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ CMP လုပ်ငန်းများ ကြီးကြပ်ေ ရး ကော်မတီရဲ့ကြီးကြပ်မှုနဲ့ CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ  ကြီးကြပ်ရေးကော်မတီ၊ CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ၊ CMP လုပ်ခနဲ့   အခွန်ကြီးကြပ်ရေး ဆပ်ကော်မတီသုံးရပ်ကို ဖွဲ့စည်းကာ CMP လုပ်ငန်းများ ကို ကြီးကြပ်ကွပ်ကဲလျက်ရှိပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက CMP သွင်းကုန်ပို့ကုန်ကြီးကြပ်ရေး ဆပ်ကော်မတီကို တာဝန်ယူဆောင် ရွက်ခဲ့ရပါတယ်။
         နိုင်ငံတော်သမ္မတရုံးရဲ့ (၂၀-၄-၂၀၁၁)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၂၈/၂၀၁၁ နဲ့ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးက အဖွဲ့ဝင်အဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါ တယ်။ အဲဒီနောက် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၊ အလုပ်သမား ဝန်ကြီးဌာနရဲ့ ၂၂-၇-၂၀၁၁ ရက်စွဲနဲ့ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အထောက်အကူပြု ဆပ်ကော်မတီသုံးရပ်နဲ့ ထပ်မံဖွဲ့စည်းခဲ့ပြီး  ဆပ်ကော်မတီသုံးခုမှာပါရှိတဲ့ CMP ပို့ကုန်၊ သွင်းကုန်ဆိုင်ရာကြီးကြပ်ရေးကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ၊ ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့် ကူးသန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာနမှ ၁၀-၁၀-၂၀၁၂ ရက်တွင် တိုးချဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၊ CMP ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို စီးပွားေ ရးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနဲ့ ပုံမှန်အစည်းအဝေးများ ကျင်းပခြင်း၊ စိစစ်ရေးအဖွဲ့နဲ့ CMP ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှော က်ထားမှုများကို စိစစ်၍ လိုင်စင်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရဲ့ ၁၁-၇-၂၀၁၂ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စ စ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်က အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း CMP ပို့ကုန်၊ သွင်းကုန်ဆိုင်ရာကြီးကြပ်ရေးကော်မတီရဲ့လုပ်ငန်း အဖွဲ့ဖြစ်တဲ့ လက်ခစားကုမ္ပဏီရဲ့CMP လုပ်ငန်းများအ တွက် တင်သွင်း/တင်ပို့ လက်ကျန်စစ်ဆေးရေးအဖွဲ့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းရုံးရဲ့ ၂၉-၁၀-၂၀၁၂ ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် လိုင်စင်ခွင့်ပြုထုတ်ပေးနိုင်ဖို့ လိုင်စင်စိ စ စ်ရေးအဖွဲ့ကို မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌ၊ စက်မှု ကုန်ထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ နဲ့အတွင်းရေးမှူး၊မြန်မာ့အထည်အလိပ်လုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဒုတိယ လ က်ထောက်ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဦးစီးအရာရှိနှစ်ဦး၊ စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်းနှစ်ဦးတို့ ပါဝင်သော One Stop Serviceအဖွဲ့ကို ဖွဲ့စည်းပြီး ရန်ကုန်တိုင်းရုံးမှာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။
         ယခု ဒီမိုကရေစီအစိုးရသစ်လက်ထက် နိုင်ငံတော်သမ္မတရုံးရဲ့ ၂၄-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၆/၂၀၁၆ ဖြင့် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းခြင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ေ ရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နဲ့ ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ကအဖွဲ့ ဝင်အဖြစ်ပါဝင်ပြီး ပြင်ဆင်ဖွဲ့စည်းထားကြောင်း တွေ့ရှိရပါတယ်။ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို  အထောက်အကူ ပြုနိုင်ဖို့အတွက် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြ ည်သူ့အင်အား ဝန်ကြီးဌာန၊ CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ၏ ၅-၉-၂၀၁၆ ရက်စွဲဖြင့် CMP လုပ်ငန်းများစစ်ဆေးရေး ဆပ်ကော်မတီ၊ CMP လုပ်ခ နှင့် အခွန်ကြီး ကြပ်ရေးဆပ်ကော်မတီနှင့် CMP သွင်းကုန်၊ ပို့ကုန် ဆိုင်ရာ ကြီးကြပ်ရေး ဆပ်ကော်မတီတို့အား ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်။ ၎င်းအပြင် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီနှင့် အထောက်အကူပြုဆပ်ကော်မတီများကို  လိုအပ် သော အကြံဉာဏ်များ ပေးနိုင်ရန်အတွက် လုပ်ငန်းအကြံပေးကော်မတီကို ဖြည့်စွက်ဖွဲ့စည်းခဲ့ ကြောင်း သိရှိရပါတယ်။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်ပစ္စည်းအချို့အား Fully Online လိုင်စင်စနစ်ကို ၂၀၁၆ ခုနှစ်၊ ဇွန်လမှစ၍ အကောင် အထည်ဖော် ေ ဆာင်ရွက်ခဲ့ပြီး CMPလိုင်စင်များကိုလည်း Online ခွင့်ပြု ထုတ်ပေးနိုင်ရေး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ MGMA System နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိ ကြောင်းသိရှိရပါတယ်။ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သုံးဆ တိုးမြှင့်ဆောင်ရွက်ရေးရည်မှန်းချက်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် CMP စနစ်ဖြင့် တင်ပို့ခြင်းအစား FOB စနစ်ဖြင့် တင်ပို့နိုင်ရေးအတွက်လည်း  နည်းလမ်းရှာကြံဆောင်ရွက်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 

ရှင်မင်းအံ့ (တန့်ဆည်)