ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ နယ်စုံမှ မိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရောက်

Thu, 12/15/2016 - 06:16 -- admin_ygn

         ဧရာဝတီတိုင်းဒေသကြီးအတွင်း  ဆန်စပါးအဟောင်း ဈေးကွက်မှာ သြဂုတ်နှင့်စက်တင်ဘာတို့တွင် အရောင်းအဝယ် အေးလျက်ရှိရာမှ အောက်တိုဘာ တတိယပတ်မှစတင်၍ ဧည့်မထမိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရာက် လာခဲ့ရာပုသိမ် ဈေးကွက်မှာ ၄၆ပေါင်တင်း ၁၀၀ ကို ကျပ် ၃၅၀၀၀၀ ဝန်းကျင် ဈေးနှင့် သီတင်းနှစ်ပတ်လောက်သာ အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။မိုးလေဝသကင်းလွတ်၍ မြို့နယ်စုံ ရိတ်သိမ်းချိန်စပါး အထွက်လှိုင်လာသော နို ဝင်ဘာလဆန်းရောက်မှသာကောက် စောစပါးများ အရောင်းအဝယ် သွက်ခဲ့ပါတယ်။ စပါးသစ် ၄၆ ပေါင်တင်း ၁၀၀ကို ပုသိမ်ဈေးကွက်တွင် နိုဝင်ဘာက လေး သိန်းဝန်းကျင်ဈေးမှ ယခုလက်ရှိ ကျပ်၄၈၈၀၀၀ဈေး၊ ကျုံပျော် မြို့နယ် မှနိုဝင်ဘာလက ကျပ် ၃၈၀၀၀၀ မှ ယခု ကျပ်၄၇၀၀၀၀ ဈေး၊ကျောင်းကုန်းမြို့နယ်တွင် နိုဝင်ဘာလက ကျပ် ၃၆၈၀၀၀  မှ ယခုကျပ် ၄၇၈၀၀၀ ဈေး၊ ဟင်္သာတမြို့နယ်တွင် နိုဝင်ဘာ လက ကျပ် ၃၄၀၀၀၀ မှ  ယခု ကျပ် ၄၈၅၀၀၀ ေ ဈး၊ မြောင်းမြမြို့နယ်တွင် နိုဝင်ဘာလက ကျပ် ၄၁၅၀၀၀ မှ ယခု ကျပ် ၅၃၅၀၀၀ ဈေး၊အိမ်မဲမြို့နယ်တွင် နိုဝင်ဘာလက ကျပ်၃၇၉၀၀၀  မှ ယခုကျပ် ၄၉၆၀၀၀ ဈေး၊ ညောင်တုန်းမြို့နယ်တွင် နိုဝင်ဘာလက ကျပ် ၃၅၀၀၀၀ မှ ယခု လက်ရှိ ကျပ် ၄၆၉၀၀၀ ဈေး၊ ဓနုဖြူမြို့နယ်တွင် နိုဝင်ဘာလက ကျပ် ၃၅၀၀၀၀ မှ ယခု ကျပ် ၄၆၀၀၀၀ ဈေးဖြစ်ပြီး ၄၆ပေါင် စပါးတင်းတစ်ရာလျှင် ကျပ်သိန်းဂဏန်းဝန်းကျင် မြင့်တက်ခဲ့ပါတယ်။ အချို့မြို့နယ် များမှာ ဆန်စပါးသစ် များ ဈေးကွက်ဝယ်လိုအားရှိတာကြောင့် စပါးဟောင်း၊ ဆန်ဟောင်းဈေးလည်း မြင့်တက်၍ ဆန်စပါး ဈေးကွက်ဖွံ့ဖြိုးပြီး အရောင်းအဝယ်  ပိုကောင်းသောမြို့နယ် များတွင် ဧည့်မထမိုးစပါးသစ်များကို စက်ပိုင်ကုန်သည်များက စပါး ရရှိရေး အတွက် ဈေးပေးဝယ်ယူမှုများ ရှိသောကြောင့် ဆန်စပါးဈေးကွက်မှာ ဈေးနှုန်းမြင့်တက်အရောင်းအဝယ် သွက်လျက်ရှိကြောင်းသိရပါတယ်။  တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် စပါးအရည်အသွေး ဈေးကွက်ကွာခြား မှု ရှိ သော်လည်း ၄၆ပေါင် ဧည့်မထ မိုးစပါး သစ် တင်း၁၀၀ ပျမ်းမျှ ဈေးမှာ ငါးသိန်းဝန်းကျင်ဈေးနှုန်းနှင့် တောင်သူများတွက်ခြေ ကိုက်သောဈေးနှုန်းဖြစ်ပြီး နိုဝင်ဘာလဈေးထက် ယခု ဒီဇင် ဘာလမှာ စပါး၊ ဆန် ဈေးနှုန်းများ မြင့် တက်မှုရှိကြောင်း ဈေးကွက်မှ သိရပါတယ်။

 

မင်းမင်းဦး (ပုသိမ်)