ဥရောပနိုင်ငံများသို့ တင်ပို့နေသည့် ရေထွက်ကုန်များ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီစေရန် ဆောင်ရွက်မည်

Thu, 05/23/2019 - 06:18 -- admin_ygn

          ဥရောပနိုင်ငံများသို့ ပင်လယ်ပြင်နှင့် မွေးမြူရေးကန်များမှ ရေထွက်ကုန်များကို တင်ပို့ခွင့် ရရှိပြီဖြစ်၍ သက်ဆိုင်ရာ နိုင်ငံများမှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများ နှင့်အညီ တင်ပို့နိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ယင်းသို့ ရေထွက်ကုန်များ တင်ပို့ခွင့်ရရှိပြီဖြစ်သော်လည်း မြန်မာနိုင်ငံ တွင်ရှိသည့် ငါး၊ ပုစွန် မွေးမြူသူများ အီးယူ စံချိန်စံညွှန်းနှင့်အညီ မွေးမြူနိုင်ရေး၊ ၎င်းတို့လိုလားသည့် မွေးမြူရေးထွက်ကုန် ဖြစ်စေရေးနှင့် ရေထွက်ကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အရေးကြီးသည့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ်စနစ်တို့ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က မေ ၁၅ ရက် တွင် ပြောသည်။
          "အီးယူကို ငါး၊ ပုစွန်၊ ကဏန်း စတဲ့ သဘာဝမွေးမြူရေး ထွက်ကုန်တွေ ပို့လို့ရတာ ဖြစ်တယ်။ ရန်ကုန်တိုင်းမှာဆိုရင် ရေချိုးငါး၊ ဧရာဝတီဆိုရင် ရေချိုငါး၊ ပုစွန်ကျားနဲ့ ပုစွန်ဖြူ၊ ကဏန်းပျော့လည်း ပါတယ်။ နောက် တနင်္သာရီဆိုရင် ကဏန်းပျော့ပါမယ်။ အစရှိတာတွေ အထူးပြု တင်ပို့ရတာဆိုတော့ စံချိန်စံနှုန်း သတ်မှတ်ချက်တွေအတိုင်း လိုက်ပါဆောင်ရွက်ဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့်လည်း ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်၍ နည်းပညာ ပံ့ပိုး ကူညီမှုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ သို့ဖြစ်သော ကြောင့် ရေလုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စံနှုန်း၊ စည်းမျဉ်းစည်းကမ်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာ လိုက်နာကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
         လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စတင်တာဝန် ထမ်းဆောင်ချိန်မှ စတင်ကာ ဒုတိယကာလတို ငါးနှစ်ကို လယ်ယာ ကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များ ရေးဆွဲပြီး မူဝါဒ ၁၀ ရပ် ချမှ တ်ကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ကိုလည်း ရေးဆွဲ၍ စိုက်ပျိုးရေး၊ သားငါးကဏ္ဍ အပါအဝင် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ေ ရးအတွက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယခု အီးယူ အသိအမှတ်ပြု တင်ပို့ခွင့် ရလာမှုကို အသုံးချ၍ မြန်မာ့ရေထွက် ကုန်များ ဖွံ့ဖြိုးရေး ပိုမိုတိုးတက်စေရန် ဆောင်ရွက်ရမည့် အစီစဉ်များ ချမှတ်ကာ ရေထွက်ကုန် ဈေးကွက်သို့ နှစ်စဉ် ၅၀ ရာခိုင်နှုန်းခန့် တင်ပို့နေသော ဗီယက်နမ် နိုင်ငံကဲ့သို့ ဖြစ်လာစေရေး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မိတ်ဖက် အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ပြည်ပသို့ တင်ပို့ခွင့် ရရှိထားသော ရေထွက်ကုန်များ၏ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာန လက်အောက်တွင်ရှိသေ ISO အသိမှတ်ပြု ဓာတ်ခွဲခန်းများတွင် စစ်ဆေးနို င်ကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages