အောင်ပန်းကုန်စည်ဒိုင်မှာ ပဲ၊ ပြောင်းဈေးငြိမ်ပြီး ပဲရာဇာအသစ် ဈေးကွက်ဝင်လာ

Tue, 05/07/2013 - 04:47 -- admin

မတ်လစတုတ္ထပတ်အတွင်း အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ ပဲစင်းငုံနဲ့ ပြောင်းဈေးငြိမ်နေပြီး၊ ပဲရာဇာ (ပဲနီလေး) အသစ်များ ဈေးကွက်ကို စတင်ဝင်ရောက် လာကြောင်း သိရပါတယ်။ မတ်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း ပဲစင်းငုံ တစ်ပိဿာကို ၉၅၀ ကျပ်နဲ့ ပိဿာချိန် ၂၃၃၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ အစေ့ထုတ်ပြောင်း ကတော့ တစ်ပိဿာကို ၃၈၀ ကျပ်နဲ့ ပိဿာချိန် ၄၇၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် အောင်ပန်းကုန်စည် ဒိုင်ဈေးကွက်ရဲ့ ထူးခြားချက်အနေနဲ့ ပဲရာဇာ(ပဲနီလေး) အသစ်များ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီး၊ တစ်ပိဿာကို ၁၂၀၀ ကျပ် အဖွင့်ဈေးနဲ့ ၃၆၀၀ ပိဿာ (၆ တန်ခန့်) အရောင်းအဝယ်ရှိခဲ့သလို ယခင်ကအရှေ့အလယ်ပိုင်းနိုင်ငံများ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံ နိုင်ငံများ ဆီသို့ အဓိကတင်ပို့ခဲ့တဲ့ ရှမ်းချင်းနဲ့ ချင်းခြောက်ကို တရုတ်နိုင်ငံသို့  Border  Trade မှ ပိဿာချိန် ၈၀၀၀၀ ခန့် တင်ပို့မှု ရှိခဲ့ကြောင်းလည်း ဈေးကွက်က သိရပါတယ်။
မင်းအောင် - တောင်ကြီး