အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှုကြောင့် ပဲမျိုးစုံ၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု မြင့်တက်မှုကို အထောက်အပံ့ဖြစ်စေခဲ့

Mon, 10/10/2016 - 08:38 -- admin_ygn

  အိန္ဒိယနိုင်ငံတွင် ယခုနှစ် မိုးသီးနှံဖြစ်သည့် ပဲမျိုးစုံ စိုက်ဧရိယာမှာ မကြုံစဖူး မြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်ငါးနှစ်က ပုံမှန်စိုက်ဧကထက် ပိုမိုစိုက် ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ  လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် အစီ ရင်ခံစာတွင် ဖော်ပြထားသည့် အချက်အလက်များ အရ စိုက်ပျိုးပြီးစီးခဲ့သည့် မိုးသီးနှံဧရိယာမှာ ဟက် တာ ၁၀၁၉ ဒသမ ၁၀သိန်းဖြစ်ပြီး ယခင်ပုံမှန်စိုက် ပျိုးသည့် ဧရိယာမှာ  ဟက် တာ ၁၀၆၂ ဒသမ ၅၀ သိန်းဖြစ်ရာ လေးရာခိုင်နှုန်းခန့်   လျော့နည်းခဲ့ပါ သည်။ မုတ်သုံမိုးရွာသွန်းမှုကြောင့် ပဲမျိုးစုံနှင့် ဆန် စပါးစိုက်ဧကမှာ ပုံမှန်စိုက်ဧက ထက် ပိုမိုစိုက်ပျိုး နိုင်ပြီး အထွက်နှုန်းတိုးနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယခုနှစ်မုတ်သုံမိုးမှာ မိုးနှောင်းကောင်း၍ စက်တင်ဘာလအထိ ဆက်လက်ရွာနိုင်ဖွယ်ရှိ ကြောင်း အစိုးရအရာရှိတစ်ဦးက Business Line သို့ ပြောကြားခဲ့သည်။
         ယခုနှစ်တွင် ပဲမျိုးစုံ  စိုက်ပျိုးပြီးစီးမှုအနေဖြင့် ဟက်တာ ၁၃၉ ဒသမ ၄၂ သိန်းရှိပြီး ယခင်နှစ် ကာလတူက ၁၀၃ ဒသမ ၈၅ သိန်းရှိရာ ၄၀ ဒသမ ၂၂ ရာခိုင်နှုန်းသို့  စံချိန်တင်မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။ လယ်သမားများအနေဖြင့် ပိုးမွှားများ ဖျက်ဆီးခြင်းဒဏ်မှ လွတ်ကင်းအောင် ဝါဂွမ်းစိုက်ပျိုးမှုကို ရှောင်ရှားရန်နှင့်  ဈေးကောင်းရသည့် ပဲမျိုးစုံ စိုက်ပျိုးရန် ပိုမိုစိတ်ဝင်စားလာခဲ့သဖြင်  ပုံမှန် စိုက် ဧကထက် ၁၀၈ ဒသမ ၆၉ သိန်း၊  ရာ ခိုင်နှုန်းအနေ ဖြင့် ၂၈ ရာခိုင်နှုန်း  ပိုမိုစိုက်ပျိုးလာသကဲ့သို့  ဆန် စပါး စိုက်ဧကမှာလည်း  ယခုနှစ်တွင် ၃၆၃ ဒသမ ၀၇ သိန်းစိုက်ပျိုးနိုင်ခဲ့ပြီး  ယခင်နှစ်ကာလတူ က  ၃၅၂ ဒသမ ၂၃ သိန်းစိုက်ပျိုးခဲ့ရာ  ၁၃ ဒသမ ၄၂  ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။
         ကောက်ပဲသီးနှံနှင့်  ဆီထွက်သီးနှံစိုက်ပျိုးမှု မှာလည်း ၁၇၇ ဒသမ ၇၄ သိန်းမှ ၁၈၂ ဒသမ ၉၉ သိန်းသို့ ၃ ဒသမ ၀၁ရာခိုင်နှုန်းမှ ၆ ဒသမ ၁၉ ရာခိုင်နှုန်းသို့ အသီးသီး မြင့်တက်လာခဲ့ပါသည် လွန်ခဲ့သောနှစ်များက ဝါဂွမ်း စိုက်ပျိုးရာတွင် ယင်ဖြူကောင်များ ဖျက်ဆီးခြင်းကြောင့် ဝါဂွမ်းစိုက်ဧကများ လျော့ကျခဲ့ရာ ယခုနှစ်တွင် စိုက်ဧက ၁၀၂ ဒသမ ၇၈ သိန်းရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၈၃ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ပါသည်။ ကြံစိုက်ပျိုးမှုတွင်လည်း   ပုံမှန်စိုက်ဧက အောက် ၄၅ ဒသမ ၅၅သိန်း ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၆၆ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ဂုန်လျှော် စိုက်ပျိုးမှုမှာလည်း ပုံမှန်စိုက်ဧကအောက် ၇ ဒသမ ၅၆သိန်း ရာခိုင်နှုန်းအနေဖြင့်  သုည ဒသမ ၅၇ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ပါသည်။

 

အေးသီရိမွန်