အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု မူဝါဒကန့်သတ်မှုကြောင့် လက်ကျန် ကျန်ရှိနေသည့်ပဲများ ဈေးကွက်တည်ငြိမ်ရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်သွားမည်

Mon, 08/28/2017 - 06:23 -- admin_ygn

         အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုအရေအတွက်  ကန့်သတ်သည့် မူဝါဒကြောင့် လက်ကျန်ကျန်ရှိနေသည့် ပဲများဈေးကွက်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကုန်သည်အသင်းအဖွဲ့များ ပူးပေါင်း၍ နည်းလမ်းရှာဖွေဆော င်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မကြာမီထွက်ရှိမည့် ပဲများအတွက် စိုက်ပျိုးထုတ်လုပ်သူများ ထိခိုက်နစ်နာမှု များမရှိစေရန် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ စီစဉ်ဆော င် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားလိုက်သည်။ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံ  ပဲတင်သွင်းမှုဆိုင်ရာ သွင်းကုန် မူဝါဒပြောင်းလဲမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ပဲမျိုးစုံ ကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၅ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ပြုလုပ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
        အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက သြဂုတ် ၅ ရက်က ပဲစင်းငုံတန်ချိန် နှစ်သိန်းနှင့် သြဂုတ်လ ၂၁ ရက်က မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် သုံးသိန်းတင်သွင်းရန် အရေအတွက် ကန့်သတ်သည့် အမိ န့်ကြော်ငြာစာများဖြင့် သွင်းကုန်မူဝါဒကို ပြောင်း လဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒပြောင်းလဲမှုအပေါ် မြန်မာနိုင်ငံမှ ပဲများတင်ပို့ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား နေပြည်တော်တွင် တွေ့ဆုံ၍လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးထံသို့ သံတမန်နည်းလမ်းအရလည်းကောင်း အကြောင်းကြားပြီး ဖြစ်ပါကြောင်း၊ မကြာမီ လာရောက်မ ည့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်တွင် အိန္ဒိယနိုင်ငံသို့ ပဲများတင်ပို့နိုင်ရေးအား ဖြေလျှော့ဆောင် ရွက်ပေးရေးအတွက် ဆွေးနွေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာ့ပဲကုန်သည်များ၏ လက်ဝယ်တွင် ခန့်မှန်း ပဲစင်းငုံတန်ချိန် တစ်သိန်းခန့်နှင့်  မတ်ပဲတန်ချိန် သုံးသိန်းခန့်ကျန်ရှိနေသည်ဟု သိရှိရပါကြောင်း၊ ထို့အပြင် လာမည့် နိုဝင်ဘာလလယ်နှင့် ဒီဇင်ဘာလတွင် ထွက်ရှိမည့် ပဲစင်းငုံများ အတွက် ထည့်သွင်းစဉ်း စားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအခက်အခဲဖြစ်ပေါ်နေသည့် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုအရေအတွက် ကန့်သတ်သည့် မူဝါဒကို ဖြေလျှော့ဆောင်ရွက်ပေးနိုင်ရန် အိန္ဒိယနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် သက်ဆိုင်ရာဝန် ကြီးဌာနများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်သော ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဖွဲ့အနေဖြင့် မြန်မာ နိုင်ငံမှပဲများအိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးကို ညှိနှိုင်းဆွေးနွေးဆောင် ရွက်သွား မည်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံနှင့် ပဲရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို Government to Government လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မကြာမီစိုက်ပျိုးမည့် မတ်ပဲ သီးနှံနေရာတွင် နိုင်ငံတကာ ဈေးကွက်ရှိ သည့် အခြားပဲများ၊ သီးနှံများ ပြောင်းလဲစိုက်ပျိုးရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အစားထိုး ပြောင်းလဲ စိုက်ပျိုးရာတွင် မျိုး၊ နည်းပညာကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။
        အဆိုပါအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲတင်ပို့မှုကို ကန့်သတ်လိုက်သည့် အတွက် အထိုက်အလျောက် ဖြေလျှော့ပေးရန်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မြန်မာနိုင်ငံသို့ မကြာမီလာရောက်မည့် အိန္ဒိယ နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဆောင်ရွက်ပေးမည်ဟုသိရှိရပါ ကြောင်း၊ လက်ရှိဖြစ်နေသည့် ပြဿနာမှာ ဈေးကွက်တ စ်ခုတည်းကို မှီခိုခဲ့သည့်အတွက် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ထုတ်ကုန်များကို ထုတ်လုပ်သည့်အခါ ဈေးကွက်ရရှိရန် လိုအပ်ပါ ကြောင်း၊ ဈေးကွက်ရရှိရန် မိမိတို့အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါေ ကြာင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ UMFCCI နှင့် စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်နေသည့် တောင်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ အိန္ဒိယသမ္မတနိုင်ငံမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်း မှုဆိုင်ရာ သွင်းကုန်မူဝါဒပြောင်းလဲမှုနှင့်စပ်လျဉ်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၅ ရက်တွင် စီးပွားရေးနှင့် ကူးသန်းေ ရာင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်၍ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်ေြ မာင်းဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သ ည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ စီးပွားရေးပညာရှင် သုတေသီများ၊ စိုက်ပျိုးရေးပညာရှင်များ၊ ပဲခူးတိုင်းနှင့်  စစ်ကိုင်းတိုင်း ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၊ မန္တလေးကထိန် တော်အသင်းကုန်စည်ဒိုင်၊ မုံရွာကုန်စည်ဒိုင်၊ ပခုက္ကူကုန်စည်ဒိုင်၊ မကွေးကုန်စည်ဒိုင်၊ မြင်းခြံကုန်စည်ဒိုင်၊ ကျောက်ပ န်းတောင်း ကုန်စည်ဒိုင်၊ ဟင်္သာတကုန်စည်ဒိုင်နှင့် ပြည်ကုန်စည်ဒိုင်တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့မှ ပဲစိုက်ပျိုးသူတောင်သူများအပါအဝင် စုစုပေါင်း ၉၀ ဦးခန့် တက်ေ ရာက်ခဲ့ပြီး ပဲမျိုးစုံကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ၎င်းင်းတို့၏အမြင်များ၊ သဘောထားများ ဆောင်ရွက်ပေးရန် ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင်  အိန္ဒိယသမ္မတနိုင်ငံမှ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒပြောင်းလဲမှုကိစ္စနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစည်းအဝေး ဖော်ထုတ်ချက် ၁၀ ချက်ရရှိခဲ့ကြောင်း သိရသည်။

Local Trade News

Pages