အာဆီယံဝင်ပေါက် မြန်မာနိုင်ငံအား အမေရိကန်ကုမ္ပဏီများ မျက်စိကျနေကြသလား

Tue, 10/22/2019 - 08:09 -- admin_ygn

     အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုတိုးချဲ့ရန် လာရောက်ဆွေးနွေးမှုများ ရှိနေ သည်။ အောက်တိုဘာ ၁ ရက်က အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အလက် ဇန်းဒါးစီဖီးလ်မန်း ဦးဆောင်သည့် အဖွဲ့ သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အား  ဝန်ကြီး၏ရုံးတွင် လာရောက် တွေ့ဆုံခဲ့သည်။ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ နှင့်အတူ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့ မာစီရယ်လည်း ပါဝင်ခဲ့သည်။ တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရရှိလာမည့် အခွင့်အလမ်းကောင်းများကို ရှင်းလင်းဆွေးနွေး ခဲ့၏။ အမေရိကန်ဘက်ကလည်း အမေရိကန်- အာဆီယံစီးပွားရေးကောင်စီ အဖွဲ့ဝင်ကုမ္ပဏီများ ဖြစ်သည့် Abbott ၊ Amazon ၊ Bower Group Asia ၊ Chevron ၊ Master Card ၊ Visa ၊ Ford ၊ Google ၊ Coca-Cola ၊ Chubb နှင့် Dlageo ကုမ္ပဏီများက ၎င်းတို့၏ လက်ရှိ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားမှုအခြေအနေများ ရှင်းပြသည်။

    ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ လက်ရှိအပေါင်း လက္ခဏာဆောင်သော စီးပွားရေးဝန်းကျင် အခြေ အနေများကို အမေရိကန်နိုင်ငံရှိ အလားအလာ ရှိသည့် ရင်းနှီးမြှုပ်နှံသူများအား တစ်ဆင့်စကား ပြောကြားပေးစေလိုကြောင်း၊ မိမိ တို့ မြန်မာနိုင်ငံ သည် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA-ASEAN Free Trade Area) ထူထောင်ပြီး ဖြစ်သည့်အပြင် လာမည့် နိုဝင်ဘာလတွင် ဒေသ တွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP-Regional Comprehensive Economic Partnership) ကို အပြီးသတ်နိုင်တော့မည် ဖြစ် ကြောင်း၊ ယင်းသို့ ဘက်စုံ စီးပွားရေးပူးပေါင်းဆောင် ရွက်မှု RCEP ထူထောင်နိုင်ပြီဆိုလျှင် မြန်မာနိုင်ငံ သာမက ဒေသတွင်းနိုင်ငံများ၌ပါ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ် ကြောင်း ဆွေးနွေး ရှင်းပြသွားခဲ့သည်။ ဆိုလိုသည်က အမေရိကန် ရင်းနှီးမြှုပ်နှံသူ များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြမည်ဆိုလျှင် အကျိုးအမြတ်ရှိသော စီးပွားရေး အခွင့်အလမ်း ကောင်းများရှိနေသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) တွင် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေသဖြင့် အာဆီယံနိုင်ငံများနှင့် အမေ ရိကန် ထုတ်ကုန်များ လွတ်လပ်စွာ ကုန်သွယ်ရောင်းဝယ်ခွင့်ရမည်။ AFTA နိုင်ငံဖြစ်၍ ကုန်သွယ်ခွန် စသည်တို့ ထိုက်သင့် အားလျော်စွာ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်များ ခံစားရရှိမည်။ ထို့ပြင် ယခုနှစ်ထဲ တွင် မြန်မာနိုင်ငံ သည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင် ရွက်ခွင့်မှု RCEP အစီအစဉ် ထူထောင်နိုင်တော့ မည်ဖြစ်၍ မြန်မာ့ဈေးကွက်အပြင် ဒေသတွင်း ဈေးကွက်တွင်လည်း စီးပွားရေးပူးပေါင်း ဆောင် ရွက်ခွင့် အခွင့်အရေးများ ရရှိနိုင်တော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

      အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ အဖွဲ့သည် အောက်တိုဘာ ၃ ရက်က မန္တလေးမြို့သို့ လည်း သွားရောက်ခဲ့သည်။ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့သည် ယင်းနေ့တွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင် များအသင်းအဖွဲ့ဝင် စီးပွားရေး လုပ်ငန်းရှင်များနှင့် မန္တလေးမြို့ MRCCI အသင်း ရုံးခန်းမ၌ တွေ့ဆုံခဲ့သည်။ အမေရိကန်ဘက်မှ အထက်ဖော်ပြပါ အမေရိကန် နာမည်ကြီး ကုမ္ပဏီ များ၏ကိုယ်စားလှယ် ၃၀ ဦးတို့ တက်ရောက် ဆွေး နွေးကြသည်။ ယင်းသို့ တွေ့ဆုံကြစဉ် အမေရိကန်-အာဆီယံ   စီးပွားရေးကောင်စီ   ဥက္ကဋ္ဌမစ္စတာ အလက်ဇန်းဒါးစီဖီးလ်မန်းက ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးကိစ္စနှင့် ပတ်သက်ပြီး ယခုလို ပြောကြား သည်။ “အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အနေနဲ့ တည်ရှိနေတာ ၃၅ နှစ် ရှိခဲ့ပါပြီ။ ကောင်စီ အနေနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို အရှေ့တောင်အာရှနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံလုပ် ကိုင်ဖို့ အကူအညီပေးနေပါတယ်။ အာဆီယံ ၁၀ နိုင်ငံအနက် ခုနစ်နိုင်ငံမှာ အသင်းရုံးခွဲတွေ ဖွင့် လှစ်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ် ၂၀၁၈ မှာပဲ ပထမဆုံးအကြိမ် US ICT Council for Myanmar နဲ့ ပူးပေါင်းပြီး အဖွဲ့ ဖွဲ့စည်းထားပါ တယ်။ ဒါက ကောင်စီရဲ့ ပထမဆုံးခရီးစဉ် ဖြစ် ပါတယ်။ အမေရိကန်လုပ်ငန်းတွေအနေနဲ့ အာရှ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတာ အမေ ရိကန်ဒေါ်လာသန်း ၃၂၉၀ အထိ ရှိပါပြီ။ “ကျွန်တော် တို့အခုမြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စိတ်ဝင်တစား ကြည့်ရှုလာနေကြပါပြီ။ ရင်းနှီး မြှုပ်နှံမှုစပြီး လုပ်နေ တဲ့ အမေရိကန် ကုမ္ပဏီတွေ လည်းရှိနေပါပြီ” စသည်ဖြင့် ဖြေကြားခဲ့ကြောင်း ကြားသိရသည်။  ယခုအခါ  မြန်မာနိုင်ငံသည်  ဒေသတွင်း ပထဝီအနေအထားအရ အာဆီယံဈေးကွက်အတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် ကုန်ကူးသန်း ရောင်းဝယ်ရန် ဝင်ပေါက်သဖွယ် ဖြစ်လာနေသည်။ မြန်မာနိုင်ငံ၏ လူဦးရေအနေအထား/ လုပ်သား အရင်းအမြစ် ပြွေါကယ်မှု အနေအထား၊ မြေနေရာ အနေအထားနှင့် လုပ်သားလစာနှုန်းထား ဈေးချို သည့် အနေအထားများအရ မြန်မာနိုင်ငံ၌ အခြေချ ရင်းနှီးမြှုပ်နှံပြီး အာဆီယံဈေးကွက်ထဲ ချိန်ရွယ် ဝင်ရောက်ရန် တာစူနေသည့် နိုင်ငံကြီးများလည်း ရှိနေသည်။ အထူးသဖြင့် အိန္ဒိယ နှင့်တရုတ်နိုင်ငံတို့ ဖြစ်သည်။ ယင်းအခြေအနေကို ဂျပန်နှင့် တောင် ကိုရီးယားနိုင်ငံတို့ကလည်း ကြိုတင်မြင်ထားပြီး ယခု စက်မှုဇုန် တည်ထောင်ရေး၊ အထူးစီးပွားရေး ဇုန်များ တည်ထောင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြ သည်။   ထိုအခြေအနေတွင်   အမေရိကန်သည် နောင်တစ်ချိန် စီးပွားရေးအင်အားကြီးဖြစ်လာမည့် အာရှတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားတွက်ချက်ထား ပါလိမ့်မည်။ အာရှတွင် ရင်းနှီးမြှုပ်နှံရေး တိုးချဲ့ မည်ဆိုလျှင် မြန်မာနိုင်ငံ၌ အခြေချရေး ပို၍ အာရုံ စိုက် စဉ်းစားလိမ့်မည်။ ထို့ကြောင့် အမေရိကန် ကုမ္ပဏီများအဖွဲ့ မြန်မာနိုင်ငံသို့ အချိန်မဆွဲဘဲ လာရောက် ဆွေးနွေးလေ့လာကြခြင်း ဖြစ်သည်ဟု ယူဆသည်။

      အောက်တိုဘာ ၃ ရက်မှာတော့ အမေရိကန် ကုမ္ပဏီများအဖွဲ့သည် နေပြည်တော်ရှိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးအား သွားရောက် တွေ့ဆုံခဲ့ သည်။ တွေ့ဆုံစဉ် အမေရိကန်နှင့် အာဆီယံနိုင်ငံ များအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လျက်ရှိပြီး ကျန်းမာရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပံ့ပိုးကူညီ ပေး နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဦးစားပေးကျန်းမာရေး လုပ်ငန်းအစီအစဉ်များ၊ သဘောထားအမြင်များကို သိလိုကြောင်း မေးမြန်းခဲ့သည်။ အမေရိကန်နိုင်ငံ သည် တီဘီ၊ ငှက်ဖျားနှင့် အိပ်ချ်အိုင်ဗွီရောဂါ တိုက် ဖျက်ရေးလုပ်ငန်းများတွင်     ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် အမေရိကန် ကုမ္ပဏီများသည်လည်း CSR (Corporate Social Responsibilities) ကော်ပိုရိတ် စီးပွားရေးလုပ်ငန်း ကြီးများ၏ လူမှုရေးတာဝန်ယူမှုတစ်ရပ် အနေဖြင့် မြန်မာနိုင်ငံ၏ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းထောက်ပံ့ကူညီလိုသည် စသည်ဖြင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်။ ယင်းက ထူးခြားသည်ဆိုရမည်။ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံရန် လာရောက်စူးစမ်းလေ့လာ ကြသည့် မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့မဆို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကိုသာ လေ့လာသွားကြသည်ချည်းဖြစ်သည်။ CSR ကိစ္စ ကို နောင်မှ ပြောဆိုကြရိုး ဖြစ်သည်။ ယခု အမေ ရိကန်ကတော့ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးရင်း CSR ကိစ္စကို တစ်ပါတည်းထည့်ပြော လုပ်ကိုင်သွား သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကတော့ ပြည်သူလူထု ကျန်းမာရေးဆိုင်ရာ စာတတ် မြောက်မှု၊ အရည်အသွေး ပြည့်မီသော ဓာတ်ခွဲ၊ ဓာတ်မှန်နှင့် ရောဂါရှာဖွေရေး၊ ကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာ များ ရွေးချယ်ဝယ်ယူနိုင်ရေး၊ စက်ပစ္စည်း ကိရိယာအမျိုးမျိုး စံချိန်စံညွှန်း၊ အရည် အသွေး၊ ဈေးနှုန်းစာရင်းကို လေ့လာပြုစုခြင်း၊ အမျိုးသား  ကျန်းမာရေး စီမံကိန်း  (၂၀၁၇-၂၀၂၁)  ရည်မှန်းချက်များအကြောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရကြောင်း တင်ပြလိုက်ရပါ သည်။

 

မောင်လွင်ပြင်