အဝင်နည်းပြီး ဝယ်လိုအားများတဲ့အတွက် ဆန်ကြမ်းဈေးဆက်တက်

Tue, 08/29/2017 - 05:52 -- admin_ygn

      ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချော အရောင်းအဝယ်အေးလို့ ဈေးငြိမ်နေပေမယ့်  ဆန်ကြမ်းအဝင်နည်းပြီး အရောင်းသွက်တဲ့အတွက် ဈေးအနည်းငယ်မြင့်တက် ကြောင်း ဝါတန်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ကုန်စည်ဒိုင် ရဲ့ ဆန်လက်ကားဈေးနှုန်းများအရ  ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၅၀၀၀နဲ့ လတ်စတစ်အိတ်ကျပ် ၃၃၀၀၀ ၊ပုသိမ်၊ မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၆၅၀၀နဲ့ လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ် ဆန်တစ်အိတ် ကျပ် ၃၂၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ ရွှေဘိုပေါ် ဆန်းဆန် တစ်အိတ်ကျပ် ၄၈၀၀၀ မှ ကျပ် ၄၉၀၀၀ ဖြစ်ကြောင်း သိရပါတယ်။ ဆန်ချောမှာ ပြည်တွင်း စားသုံးမှုသာရှိပြီး အရောင်းအ၀ ယ်လည်းအေး ဈေးလည်းအေးကြောင်း သိရပါ တယ်။
        ဆန်ကြမ်းကတော့ အရောင်းသွက်ပြီး အဝင်လည်းပါးတဲ့အတွက် ဈေးအနည်းငယ်တက်ကြောင်းသိရပါတယ်။ ဧည့်မထ ဆန်ထိပ်စတစ်အိတ်ကျပ် ၂၀၈၀၀ နဲ့  လတ်စတစ်အိတ်ကျပ် ၁၉၀၀၀၊ နွေသီးထပ်ရှယ် တစ်အိတ်ကျပ် ၂၀၈၀၀ မှ ကျပ် ၂၁၁၀၀၊ အိတ်စပို့ ၂၅ မှတ် တစ်အိတ်ကျပ် ၁၈၈၀၀ မှကျပ် ၁၉၀၀၀ ရှိပြီး အရောင်းသွက်တဲ့အတွက် တစ်အိတ်ကို ကျပ် ၂၀၀မှ ကျပ်၃၀၀အထိ ဈေးတက်ပါတယ်။ မနောသုခနဲ့နွေဆန် ရက် ၉၀ ကတော့ ဈေးငြိမ်ေ နပါတယ်။  မနောသုခတစ်အိတ် ကျပ်၂၄၀၀၀မှ ကျပ် ၂၅၀၀၀နဲ့ နွေဆန်ရက် ၉၀ တစ်အိတ်ကျပ် ၂၁၅၀၀ မှကျပ် ၂၁၈၀၀ဖြစ်ကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်ရဲ့ဈေးနှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။
         မူဆယ်ဆန်ဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ဖြစ် နေပြီး ဧည့်မထ ၅ မှတ်မှော်ဘီနဲ့ စူပါအမျိုးအစားသာ တစ်အိတ်ကို တစ်ယွမ်ခန့်ဈေးကျပြီး ကျန်အမျိုးအစားများ ဈေးငြိမ်နေကြောင်းသိရပါတယ်။ ဧည့်မထ၅မှတ် မှော်ဘီ တစ် အိတ် ၁၃၂ ယွမ်မှ  ၁၃၃ ယွမ်၊ ဧည့်မထ ၅မှတ်စူပါတစ်အိတ် ၁၃၂ယွမ်မှ၁၃၃ယွမ်၊ ဧည့်မထ၁၀ မှော်ဘီတစ်အိတ် ၁၂၈ယွမ် မှ ၁၂၉ ယွမ်၊ ဧည့်မထ ၁၀ မှတ်  စူပါတစ်အိတ် ယွမ် ၁၃၀ မှ ၁၃၁ယွမ်၊ မနောသုခ ၁၅ မှတ် တစ် အိတ် ၁၁၉ ယွမ်မှ ၁၂၂ယွမ်၊ မနောသုခ ၂၅မှတ်တစ်အိတ် ၁၁၆ ယွမ်မှ ၁၁၈ယွမ်၊ ငစိန် ၅မှတ် တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၃ ယွမ်၊ ငစိန် ၁၅ မှတ် တစ် အိတ်၁၁၈ယွမ်မှယွမ်၁၂၀ ၊ ငစိန် ၂၅မှတ် တစ်အိတ် ၁၁၃ယွမ် မှ ၁၁၅ ယွမ် ရှိကြောင်းသိရပါတယ်။ မြို့တွင်းနယ်စုံမှ   မူဆယ်သို့ ဆန်အဝင်မှာ သြဂုတ် ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း   ၁၈၂၀၁ တန် အဝင်ရှိပြီး အရောင်းအဝယ်လည်း ပုံမှန် ရှိနေတယ်လို့ သိရပါ တတ်။ သြဂုတ် ၂၄ ရ က်ငွေလဲနှုန်းအရ တစ်ယွမ်ကို ၂၀၁ ဒသမ ၄၅ ကျပ်ဈေးပေါက်ကြောင်း မူဆယ်မှ သိရပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages