အရောင်းအဝယ်အေးလျက်ရှိသည့် ရန်ကုန်ကားဈေးကွက်

Fri, 02/14/2020 - 05:06 -- admin_ygn

     ရန်ကုန်မြို့ကားဈေးကွက်အတွင်း လတ်တလော သတင်း များကြောင့် ကားအရောင်းအဝယ်မရှိသလောက် ပြတ်သွားပြီး အရောင်းအေးအဝယ်အေးနေကြောင်း၊ ပြည်တွင်း တပ်ဆင် ကားများလည်း အရောင်းအဝယ်၊ ယခင်ကလို မသွက်တော့ ဘဲ အေးစက် သွားကြောင်းသိရသည်။ နှစ်ဆန်းပိုင်း၊ ဇန်နဝါရီပထမပတ် အစပိုင်းရက်များ အတွင်း သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ခဲ့သောလုပ်သက် ၂၅ နှစ် ဝန်ထမ်းသတ်မှတ်ခြင်းခံရသူဝန်ထမ်းများနှင့် ရာထူးအဆင့် အလိုက်အရာရှိကြီးများ၊ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ အား မော်တော်ယာဉ်တင်သွင်းခွင့် ချထားပေးမည့် သတင်း ကြားသိရပြီး နောက်ပိုင်းကားလောကအတွင်း များစွာ ဂယက် ရိုက်ခဲ့ရာမှ ကားအသင်းအဖွဲ့များ၊ အဖွဲ့အစည်း အသီးသီးမှ တင်ပြချက်များ၊ ဝေဖန်ချက်များထွက်ပေါ်လာပြီး ပြန် လည်ရပ်ဆိုင်းလိုက်သည်။ ဆိုင်းငံ့လိုက်သည်ဆိုသည့် ကောလာဟလ သတင်းများလည်း မကြာခဏထွက်ပေါ်ခဲ့ပြီး ဇန်နဝါရီလကုန် ပိုင်းရက်တွင်မူ ကား တင်သွင်းခြင်းနှင့် သက်ဆိုင်သည့်ဌာနသို့ ဝန်ထမ်းပါမစ်အား အသက် ၆၀ ပင်စင်ပြည့်မည့် ဝန်ထမ်း ကောင်းများအား ရွေးချယ်ပေးရန် ညွှန်ကြားချက်တစ်ရပ် ပြန် လည်ထွက်ပေါ်လာသဖြင့် ရန်ကုန် ကားဈေးကွက်နှင့် ကား လောကထဲတွင် သတင်းများပျံ့နှံ့ကာ ကားဈေးကွက် အေးစက် နေဆဲဖြစ်ကြောင်း၊ အရည်ကျိုစလစ်ခေါ်သည့် ယာဉ်ဟောင်း အပ်နှံခသည်သာ သိန်း ၁၀ဝ အောက်မှ သိန်း ၁၀ဝ ဝန်း ကျင်ပြန်ဖြစ်လာကြောင်းနှင့် ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။

 

SN