အညာစက်မှုဇုန်တွေကြောင့် ဒေသဖွံ့ဖြိုးလာမည်

Tue, 05/07/2013 - 03:54 -- admin

နွားထိုးကြီးနှင့် ဆက်စပ်နေသော မြင်းခြံစက်မှုဇုန်၊ ဆမိတ်ခုံစက်မှုဇုန်နှင့် တံတားဦးစက်မှုဇုန်၊ ဟိုတယ်ဇုန် တို့ကြောင့် မြင်းခြံ၊ နွားထိုးကြီး၊ ငန်းဇွန်၊ တံတားဦး လေးမြို့နယ်များ မကြာမီအလုပ်အကိုင်ရရှိ၍ ဒေသဖွံ့ဖြိုးလာမည်ဟု မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ကဆိုသည်။ မြင်းခြံစက်မှုဇုန်က သံနှင့် သံမဏိ၊ လယ်ယာသုံးပစ္စည်း၊ ကားနှင့် ကားအပို ပစ္စည်းထုတ်နေပြီး ဆမိတ်ခုံစက်မှုဇုန်နှင့် တံတားဦးစက်မှုဇုန်က လူသုံးကုန်၊ အကြီးစားယာဉ်စက်၊ ဆောက်လုပ်ရေးပစ္စည်း များကုမ္ပဏီ(၁၅၀၀၀)ကလည်းကောင်း၊ ဟိုတယ်ဇုန်က ခရီးသွားလာရေးလုပ်ငန်း လုပ်ဆောင်ကြမည်ဖြစ်သည်။ ယခုအခါ လမ်းဖောက်ခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းများ ပြုလုပ်နေခြင်း၊ ဆမိတ်ခုံစက်မှုဇုန်က လူ့အရင်း အမြစ်ထွက် စက်မှုအထက်တန်းကျောင်း ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။ ယင်းကြောင့် ဒေသထွက် အလုပ်အကိုင်နှင့် ခရီးသွားလာဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။                                   
ဌေးမြင့်မောင်

Local Trade News

Pages