သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာတို့တွင် ဖော်ပြထားသည်နှင့်ကွဲလွဲတင်သွင်းလာသည့် ကုမ္ပဏီနှစ်ခုအား စစ်ဆေးအရေးယူ

Wed, 10/19/2016 - 07:24 -- admin_ygn

        အကောက်ခွန်ဦးစီးဌာနသည် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် သွင်းကုန်လိုင်စင်ခွင့်ပြုချက်၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးထားသည့် သွင်းကုန်ကြေညာလွှာတို့တွင် ပါရှိသည့် အချက်များနှင့် ကွဲလွဲ တင် သွင်းလာခြင်းနှင့် ပိုမို တင် သွင်းလာခြင်းတို့အား စစ်ဆေးတွေ့ရှိခဲ့ရသည့်  CMPပစ္စည်းများအား တင်သွင်းလာသည့် ကုမ္ပဏီနှစ်ခုအား စစ်ဆေးအရေးယူလျက်ရှိ ကြောင်း အကောက်ခွန်ဦးစီး ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါကုမ္ပဏီနှစ်ခုမှာ East Growth Garment Co., Ltd. နှင့် Tek Nay Wunn Ni Manufacturing Co., Ltd. တို့ဖြစ်ကြောင်း သိရသည်။ East Growth Garment Co., Ltd. သည် စက်တင်ဘာ ၂၉ ရက်က မြန်မာ စက်မှုဆိပ်ကမ်(MIP) ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ID NO.၁၇၄၄၂၀(၁၆-၉-၂၀၁၆) ဖြင့် ကြေညာတင်သွင်းလာသော ကုန်သေတ္တာအမှတ် (MRKU-3608148) (ပေ-၄၀)အား စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင်ဖော်ပြ ထားသည့် 100% Nylon Fabric(Print, Plain)(49804 Meters)  ဟု ကြေညာထားသော်လည်း ကြေညာထားသည်ထက်  27000 Meters ပိုမိုတင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အမှုတွဲဖွင့် လှစ်၍ အရေးယူေ ဆာင်ရွက်လျက်ရှိကြောင်း သိရသည်။အလားတူTek Nay Wunn Ni Manufacturing Co., Ltd. သည် စက်တင်ဘာလ ၃၀ ရက်တွင် ထီးတန်းဆိပ်ကမ်း၌ID No.176868 (၂၁-၉-၂၀၁၆) ဖြင့်ကြေညာတင်သွင်းလာသော ပိတ်လိပ်များအား စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြ ကြေညာထားခြင်းမရှိသည့်ခန့်မှန်းတန်ဖိုး ကျပ် သိန်း ကိုးဆယ် တန်ဖိုးရှိ  Polyester Tricot Mesh Fabricမီတာ ၆၅၀ဝ အား ပိုမိုတင်သွင်းလာသဖြင့် အမှုတွဲဖွင့်လှစ်ကာ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
        သွင်းကုန်လုပ်ငန်းရှင်များအနေ ဖြင့် မိမိတို့မူလလျှောက်ထားသည့်သွင်း ကုန်လိုင်စင်တွင်ဖော်ပြထားသည့် အရေအတွက်၊ ပမာဏအတိုင်းသာတင်သွင်းကြရန်နှင့် အကောက်ခွန်ဦးစီးဌာနမှထုတ်ပေးသည့် သွင်းကုန်ကြေ ညာလွှာတွင်  ဖော်ပြထားသည့် အတိုင်းသာ တင်သွင်းကြရေးအတွက် သတိပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်းသိရှိရသည်။