သြဂုတ်လ တတိယပတ်မှာ မုံရွာကုန်စည်ဒိုင်ရှိ ပဲမျိုးစုံဈေးကွက် မတ်ပဲဈေးပြန်လည်မြင့်တက်

Thu, 08/24/2017 - 02:33 -- admin_ygn

       သြဂုတ်လတတိယပတ်မှာ မုံရွာကုန်စည်ဒိုင်ရှိပဲမျိုးစုံ ဈေးကွက်၌ မတ်ပဲပြန်လည်ဈေးမြင့်တက်လာပြီး ပဲစင်းငုံကတော့ အကျဈေးနဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်လျက်ရှိ ကြောင်းသိရပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ယခုတ စ်ပတ်မှာ ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။ ကုန်စည်ဒိုင်သို့ ပဲဝင်ရောက်မှုမှာလည်း နည်းလာပြီး အရောင်းအဝယ်ဖြစ်မှုမှာ လည်းနည်းလာကြောင်းသိရပါတယ်။ ပဲစင်းငုံသီးနှံမှာ ရာသီကုန်ချိန်ဖြစ်ကာ လှော င်လက်သမားများလက်ထဲ တွင်သာရှိ၍တောင်သူအချို့ရဲ့လက်ထဲတွင်မရှိသလောက် နည်းသွားကြောင်းသိရပါတယ်။ နေ့စဉ်ပုံမှန်အဝယ်ရှိပြီး ယခုတစ်ပတ် ပဲစင်းငုံတစ်တင်းပေါက်ဈေးနှုန်းမှာ ကျပ်၁၆၃၀၀ နှုန်းပေါက် လျက် အိတ် ၁၀၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ မတ်ပဲသီးနှံမှာမူ ယခင်တစ်ပတ်က တစ်တင်းကျပ်၂၅၃၀၀နှုန်းနဲ့ အရောင်းအဝယ်ဖြစ်ပြီး ယခုတစ်ပတ်မှာ တစ်တင်း ကျပ်၂၇၃၀၀ နှုန်းပေါက်ကာ အိတ် ၅၀၀ ခန့် အရော င်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်ပေါက်ဈေး ထက်ဈေးမြင့်လာတာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းသီးနှံဈေးကွက်မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာကာ အရောင်းအဝယ်ကတော့ မန္တလေးဝယ်လက်က ဝယ် ယူ လျက်ရှိလို့ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ ယခုတစ်ပတ်ပေါက်ဈေးမှာ အရည်အသွေးအလိုက်တစ်တင်း ကျပ်၂၅၀၀၀/၃၀၀၀၀ နှုန်းပေါက်ပြီး ယခင်တစ်ပတ်ပေါက် ဈေးထက်ဈေးပြန်နိမ့်လာကြောင်း သိရပါ တယ်။
          ကုလားပဲမျိုးစုံဈေးကတော့ ပြည်ပဝယ်လက်ပဲများ ထက်ဈေးမြင့်နေပြီး ယခုတစ်ပတ် ကုလားပဲမျိုးစုံပေါက်ဈေးမှာ ယခင်တစ်ပတ်ထက်ဈေး မြင့်လာတာတွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲမျိုးစုံတစ်တင်းပေါက် ဈေးနှုန်း မှာ ကုလားပဲဖြူလုံးကြီး V2ကျပ် ၄၃၈၀၀၊ ထိုင်ဝမ်ကျပ် ၄၁၅၀၀၊ 929 ကျပ် ၄၁၃၀၀ နှုန်းပေါက်ပြီး နေ့စဉ်သုံးမျိုးပေါင်းအိတ် ၈၀၀/၁၀၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က အ၀ ယ်များပြီး 929 နဲ့ ထိုင်ဝမ် ကို မုံရွာမြို့နယ် ကြာဆန်စက်၊ ပဲခွဲစက်များနဲ့ မန္တလေးဝယ်လက် ကဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။ ပြည်တွင်းဝယ်လက်ပဲများဖြစ်တဲ့ ပဲကြီး၊ စွန်တာနီ၊ ပဲနီ လုံးကြား၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ ဂျုံ၊ CP ပြောင်းစတဲ့ သီးနှံများလည်း ဈေးနှုန်းအတက်/အကျ အနည်းငယ်ရှိပြီး နေ့စဉ်ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်ပဲကြီး တစ်တင်းပေါက်ဈေးနှုန်းမှာ ကျပ်၅၄၀၀၀/ ၅၈၀၀၀နဲ့ ပဲကြော်ဖိုသမား များက ဝယ်ယူလျက်ရှိလို့ နေ့စဉ် အိတ် ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စွန်တာနီပဲတစ်တင်းကျပ်၂၇၀၀၀၊ ပဲနီလုံးကြားတစ်တင်း ကျပ် ၃၁၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၃၀၀၀၀၊ မြေထောက်ပဲတစ်တင်း ကျပ် ၃၂၅၀၀၊ ဂျုံတစ်တင်း ကျပ် ၂၀၀၀၀၊ CPပြောင်းတစ်တင်း ကျပ်၉၀၀၀ နှုန်း အသီးသီးပေါက်လျက်ရှိကြောင်း သိရပါတယ်။

 

ကြည်ကြည်နွယ်