သြဂုတ်လစတုတ္ထပတ်အတွင်း မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်တွင် ပြည်ပဝယ်လက် ပဲအားလုံးဈေးနှုန်းကျဆင်းပြီး ပဲကြီးဈေးအမြင့်ဆုံးဈေးရှိ

Tue, 08/29/2017 - 06:07 -- admin_ygn

       မုံရွာကုန်စည်ဒိုင်ဈေးကွက် သြဂုတ်လစတုတ္ထပတ် ပဲမျိုးစုံဈေးကွက်တွင် ပဲဈေးနှုန်းအားလုံးလိုလို ဈေးနှုန်းလျော့ နည်းခဲ့ပြီး ပြည်ပဝယ်လိုအားရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သီးနှံများအပြင် ကုလားပဲမှာလည်း ဈေးကျဆင်းခဲ့ တာကိုတွေ့ ရှိရပါတယ်။ ကျန်လက်လီပဲများမှာ ဈေးငြိမ်နေသလို အရောင်းအဝယ်အေးကြောင်း ကုန်စည်ဒိုင်ရပ်ကွက်မှသိရှိရပါတယ်။ ယခုတစ်ပတ် မတ်ပဲသီးနှံမှာ ပဲအဝင်သိပ်မရှိတော့လို့ လက်ကျန်ပဲများဖြင့် ရန်ကုန်ဝယ်လက် ဝယ်ယူပေါ်မူတည်ပြီး တစ်ရက်လျှင်အိတ် ၁၀၀-၂၀၀ ခန့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်  ၂၆၅၀၀ဖြင့် ယခင်တစ်ပတ်က ဈေးထက် အနည်းငယ်ကျဆင်းခဲ့တာကို တွေ့ရှိရပါတယ်။
         ယခုတစ်ပတ် ပဲစင်းငုံသီးနှံမှာ ဈေးနှုန်းအနိမ့်ဆုံးသို့ ကျဆင်းခဲ့ပြီး တစ်တင်းလျှင် ကျပ် ၁၄၂၀၀ ဖြင့် ဆက်လက်ကျဆင်းကာ တစ်ရက်လျှင် အိတ် ၅၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်မှ သိရပါတယ်။  ပဲတီစိမ်းသီးနှံမှာ ပစ္စည်းအရည်အသွေးအလိုက် ဈေးနှုန်းအတက်အကျရှိပြီး ယခုတစ်ပတ်တွင် တစ်တင်းလျှင် ကျပ် ၂၈၀၀၀ မှ ကျပ် ၂၅၀၀၀ ရှိပြီး တစ်ရက်လျှင် အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ကုလား ပဲသီးနံှမှာ ယခင်တစ်ပတ်ထက်ဈေးအနည်းငယ်လျော့ခဲ့ပြီး ယခုတစ်ပတ်တွင် ကုလားပဲဖြူလုံးကြီး အမြင့်ဆုံးဈေး တစ်တင်းလျှင်ကျပ် ၄၂၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၄၀၀၀၀၊ ၉၂၉တစ်တင်းလျှင်ကျပ် ၄၀၂၀၀ ဈေးရှိပြီး ဒေသ တွင်း ပဲခွဲစက်သမားများ နေ့စဉ်ပုံမှန်အဝယ်ရှိတာကြောင့် တစ်ရက်လျှင် ကုလားပဲမျိုးစုံ အိတ် ၁၀၀၀ ကျော်   အရောင်း အဝယ်ဖြစ်တယ်လို့ကုန်စည်ဒိုင်ရပ်ကွက်မှ သိရှိရပါတယ်။
         ယခုတစ်ပတ်တွင် အခြားပဲများအားလုံးလိုလို ဈေးနှုန်းကျဆင်းနေသော်လည်း  ပဲကြီးဈေးမှာ တစ်တင်းလျှင်ကျပ် ၅၅၀၀၀ မှကျပ် ၆၀၀၀၀ အမြင့်ဆုံးဈေးရရှိပြီး လက်လီဝယ် လက်သမားများနှင့် ဒေသတွင်းပဲကြော်ဖို လုပ်င န်းများက ဝယ် ယူလို့ တစ်ရက်လျှင်   အိတ် ၁၅၀-၂၀၀ ဖြင့်  ပုံမှန်အရောင်းအဝယ် ဖြစ်ကြောင်း ကုန်သည်ရပ်ကွက်မှသိရှိရပါတယ်။

 

လင်းလင်းသန့်