လောလောဆယ် ရပ်ဆိုင်းထားသည့် Re-export သကြားတင်ပို့၊ တင်သွင်းခဲ့မှုမှ ကုန်သွယ်မှုနယ်ပယ်တွင် အကျိုးသက်ရောက်ခဲ့မှု

Wed, 03/07/2018 - 07:49 -- admin_ygn

         မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာမြေများ ရေလွှမ်းခံရ သည့်အတွက်  စိုက်ပျိုး ထားသည့် စပါး နှင့်အခြားသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့၍  လယ်ယာထွက်ကုန် သီးနှံများ၏ ပြည်ပတင်ပို့နိုင်မည့် ပမာဏလျော့ နည်းကျဆင်းခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှု အခြေအနေကို ငါးနှစ်တာကာလအတွင်း ပြန်လည်စိစစ်ရာတွင် ပို့ကုန်တန်ဖိုးထက်ကို သွင်းကုန်တန်ဖိုးပိုမိုသည်ကို တွေ့ရှိရသည့်အတွက် ကုန်သွယ်မှုလို ငွေများ ဖြစ်ပေါ်နေပါတယ်။ အဆိုပါ ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေး အတွက် ပို့ကုန်ပိုင်းတွင် ပိုမိုတိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်ရမှာဖြစ်တာကြောင့် ပို့ကုန်ပစ္စည်း အမယ်များ တိုးချဲ့တင်ပို့နိုင်ရန် နိုင်ငံတကာကုန် သွယ်မှုတွင် Re-export ၊ Transit Trade စနစ်များ ဖြင့် ဆောင်ရွက်လျက် ရှိတာကို တွေ့ရှိရပါတယ်။ မိမိနိုင်ငံသည် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့သည့်နိုင်ငံဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံဝယ်လိုအားရှိတဲ့ ကုန်ပစ္စည်းများထုတ်လုပ်တင်ပို့ရန် ကြိုးပမ်းဆောင်ရွက်နေသည့်ကာလအတွင်း ကုန်သွယ်မှုတိုးတက်ရန်၊ နိုင်ငံတော် အတွက် အခွန်ရရှိရန်နှင့် Supply Chain တစ် လျှောက်လုံးရှိ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်း ရရှိနိုင်စေရန် နိုင်ငံတကာလုပ်ထုံးလုပ် နည်းများနှင့်အညီ ၂၀၁၅ ခုနှစ် စက်တင် ဘာလ ၁ ရက်မှစ၍ စီးပွားရေးရာကော်မတီ၊ နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် Re-export စနစ်အား ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။

       မြန်မာနိုင်ငံတွင် Re-export စနစ်ဖြင့် စတင်ခွင့်ပြုသည့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် သကြား တန်ချိန် ခုနစ်သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၉၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်တန်ချိန် ၂၀ သိန်းကျော်၊ တန် ဖိုးအမေရိကန် ဒေါ်လာ ၁၁၂၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၆ ရက်ထိ တန်ချိန် ၁၀ သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၆၇၉ သန်း တင်ပို့နိုင် ခဲ့တဲ့အတွက်ကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာ ၂၇ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ၂၉ ဘီလီယံကျော် ကုန်သွယ်မှုသမိုင်းတစ်လျှောက် တွင် အများဆုံးကုန်သွယ်မှု ဆောင် ရွ က်နိုင်ခဲ့ပါတယ်။ ယင်းသို့ ကုန်သွယ်မှုပမာဏမြင့်မား တိုးတက်လာမှုနဲ့အတူ နိုင်ငံတော်အတွက် သတ်မှတ်အခွန်အခများ တိုးတက်ရရှိရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ Re-export ကိုဆောင်ရွက်ရန် ခွင့်ပြုသည့်အတွက်  ကုန်သွယ် မှုပမာဏ တိုးလာစေသည့်အပြင် နိုင်ငံတော်အနေဖြင့် Re-export (သကြား)ပေါ်တွင် စုစုပေါင်းအခွန်ငွေ ၄ ဒသမ ၅ ရာ ခိုင်နှုန်းရရှိပြီး Supply Chain တစ်လျှောက် အကျိုးသက်ရောက်မှုအနေဖြင့်  ကုန်သည်လုပ်ငန်းရှင်များအြ ပင် Transportation Services လုပ်ငန်းရှင်များကိုပါ ပိုမိုအကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။
            Re-export စနစ်သည် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော် မတီ၏ ၂၈/၂၀၁၅ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ထားသည့် ပြန်လည်တင်ပို့ခြင်း ( Re-export ) လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် ခွင့်ပြုထားတဲ့ စနစ်ဖြစ် ပါတယ်။ ဒီလုပ်ထုံးလုပ်နည်းမှာ စောင့်ကြည့်စစ် ဆေးသည့် Monitoring စနစ် ထည့်သွင်းထားပြီး သက်ဆိုင်ရာ တာဝန်ရှိဝန်ကြီးဌာနများနှင့် စီးပွား ရေးဆိုင်ရာ အသင်းအဖွဲ့များမှ Monitor ပြုလုပ်ကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် တင်ပို့၊ တင်သွင်းခွင့်များအတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များတွင်လည်း စီးပွားရေးနှင့် ကူးသန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ယူ ဆောင်ရွက်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ချမှတ် ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင် ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။ Re-export စနစ်ဖြင့် သကြားတင်ပို့၊ တင်သွင်းခြင်းရှိလာသောကြောင့် ယခင်ကားခမှာ တစ်ပိဿာလျှင် ၃၅ ကျပ်ရရှိရာမှာ ယခု သကြား သယ်ယူ/တင် ပို့သည့်ကားခ တစ်ပိဿာ ၇၀-၈၀ ကျပ်နှုန်းဖြင့် ရရှိလာသည်ဖြစ်၍ ကားခ ၄၅ ကျပ် ခန့် ပိုမိုတိုးတက်ရရှိလာကြောင်းနှင့် ကုန်စည်သယ် ယူပို့ဆောင်မှု  လုပ်ငန်းခွင်တွင် ဆောင်ရွက်နေ သည့် ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်း၊ ယာ ဉ်နောက် လိုက်များ အပါအဝင် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိခဲ့ပါတယ်။
         Re-export သကြားတင်ပို့သည့် လုပ်ငန်းစဉ် အရ အလုပ်သမားခအနေဖြင့်လည်း သကြား ၅၀ ကီလို တစ်အိတ်လျှင် တင်ခ/ ချခကျပ် ၂၀၀ ရရှိ သဖြင့် တစ်တန်လျှင် အလုပ်သမားခကျပ် ၄၀၀၀ ရရှိပြီး တန်ချိန်တစ်သ န်းရှိပါက ခန့်မှန်းခြေအလုပ် သမားခကျပ် သန်း ၄၀၀၀ ခန့်ရရှိမှာဖြစ်သဖြင့် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း များဝင်ငွေများ ပိုမိုရရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဈေးနှုန်းပိုင်းအနေဖြင့် Re-export သကြား တစ် တန်တင်သွင်းဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၈၀ ဖြစ်ပြီး ပြန်လည်တင်ပို့သည့်အခါ ရောင်းချ ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၀ ဖြစ်၍ တစ်တန်အပေါ် တင်ပို့သူ မိမိဘက် ကုန်သည်လုပ်ငန်းရှင်များမှ သယ် ယူပို့ဆောင်ခ နှင့် ဝန်ဆောင်ခအပါအဝင် အမေရိကန်ဒေါ်လာ ၁၂၀ ပိုမိုရရှိကြောင်း တွေ့ရှိရပါတယ်။ Re-export စနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ရာ၌ တရုတ်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်အရ သကြားအား အဓိကအမယ်အဖြ စ် တင်ပို့နိုင်ခဲ့ပါ တယ်။ တရုတ်နိုင်ငံ၏  သကြားလိုအပ်ချက်သည် နှစ်စဉ် တန်ချိန် ၁၆ သန်းခန့် လိုအပ်လျက်ရှိပြီး ပြည်တွင်း စိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၁၀ သန်းခန့်သာ ထုတ်လုပ်နိုင်သောကြောင့် နှစ် စဉ်သကြား တန်ချိန် ခြောက်သန်းခန့် တင်သွင်းရန် လိုအပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
         Re-export စနစ်ဖြင့် ခွင့်ပြုနေစဉ်ကာလ အတွင်း အချို့သောဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အကြံပြုတောင်း ဆိုမှုများကြောင့် Re-export သကြားလိုင်စင် ထုတ်ပေးမှုအား ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှစ၍ ခေတ္တဆိုင်းငံ့ခဲ့ပြီး ထိုသို့ရပ်ဆိုင်းခဲ့မှု ကြောင့် Re-export သကြားတင်ပို့မှု တန်ဖိုး ကျ ဆင်းခဲ့ကာ ယခင်နှစ်ကာလတူ နှင့်နှိုင်းယှဉ်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဖေဖော်ဝါရီလ ၁၆ ရက်အထိ) အမေ ရိကန်ဒေါ်လာ ၃၄၇ သန်း လျော့ နည်းခဲ့ပါတယ်။ Re-export ခွင့်ပြုလိုင်စင်မှ တင်သွင်းလာသော သကြားများ ပြည်တွင်းဈေးကွက်သို့ ရောင်းချနိုင်ခြင်းမရှိစေရေးအတွက် Re-export စနစ်ဖြင့် ဆောင်ရွက်မှုအပေါ်တွင် အမှန် တင်သွင်း တင်ပို့ခြင်းများအား  အကောက်ခွန်ဦးစီးဌာနမှ စိစစ်ဆောင်ရွက်သကဲ့သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနမှလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုလိုင်စင်အပေါ် အမှန် တင် သွင်းတင်ပို့ပြီးစီးကြောင်း အထောက်အထားများ စိစစ်ပြီးမှသာ လိုင်စင်ကို ထပ်မံခွင့်ပြုပေးလျက်ရှိပါတယ်။ Re-export စနစ်ခွင့်ပြုခြင်းဖြင့် ပြည်တွင်း ကြံစိုက်တောင်သူများ၏ ထွက်ရှိကြံများ ရောင်းချ ရမှုကို မထိခိုက်နိုင်ကြော င်း၊ နေပြည်တော်တိုင်းအတွင်း ၂၀၁၅ ခုနှစ်က ကြံတစ်တန် ပေါက်ဈေး ကျပ် ၃၀၀၀၀ သာရရှိခဲ့ပြီး ယခုနှစ် Re-export စနစ် ဆောင်ရွက်ခွင့်ပြုပြီးချိန်တွင် တစ်တန်ကျပ် ၄၂၀၀၀ မှ ကျပ် ၄၃၀၀၀ အတွင်းရရှိနေ၍ ကြံစိုက် တော င်သူများအတွက် ရောင်းဈေး မကျဆင်း သဖြင့် ထိခိုက်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ နေပြည်တော်တိုင်းအတွင်းရှိ ကြံစိုက်တောင်သူ များအနေဖြင့် ကြံတစ်တန်လျှင် ကျပ် ၄၀၀၀၀ ကျော်နှင့် အရောင်းအဝယ်ဖြစ်နေချိန် တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့ နယ်အတွင်း ဘိန်းအစားထိုးသီးနှံအဖြစ် ၂၀၀၈ ခုနှစ်မှစ၍ ကြံစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက် ရှိကြံများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ကြံတစ်တန်လျှင် ယွမ် ၃၈၀ မှ ၄၀၀ (ကျပ် ၇၇၉၀၀ မှ ၈၂၀၀၀)ထိရရှိခဲ့သဖြင့် ပြည်တွင်းပေါက်ဈေး နှင့်များစွာ ကွာခြားမှုရှိနေကြောင်း၊ ထိုသို့ကွာခြား ရခြင်းသည် မျိုးကွာခြားခြင်း၊  သွင်းအားစုဖြည့် ဆည်းပေးမှု မတူညီခြင်းတို့ကြောင့် ဖြစ်ကြော င်း လေ့လာသိရှိရပါတယ်။
         ထို့အပြင် ပြည်တွင်း သကြားပေါက်ဈေးများ ကို လေ့လာသုံးသပ်သည့်အခါ ယခင်နှစ်အတွင်း  သကြားတစ်ပိဿာလျှင်ကျပ် ၁၂၀၀ မှ ၁၂၈၀ ထိပေါက်ဈေးရှိခဲ့ပြီး ယခုနှစ် နိုဝင်ဘာလအတွင်း ပေါက်ဈေးသည် တစ်ပိဿာ လျှင် ကျပ် ၁၃၈၀ မှ ၁၄၁၅ ကျပ်ထိ ရရှိနေသဖြင့် Re-export စနစ် ဆောင်ရွက်ခွင့်ပြုခြင်းကြောင့် သကြားဈေးနှုန်း ကျဆင်းခြင်းမရှိကြောင်းလည်း တွေ့ရှိရပါတယ်။ သို့ဖြစ်၍  ပြည်တွင်း ကြံစိုက်တောင်သူများ၏ အကျိုးစီးပွားြ ဖစ်ထွန်းရေးသည် Re-export အခွင့် ပြုခြင်းနှင့်မသက်ဆိုင်ဘဲ တရုတ်နိုင်ငံမှ ဈေး ကောင်းပေးဝယ်ယူသည့်ဈေးနှုန်း၊ ၎င်းဈေးနှုန်းမျိုး ရရှိနိုင်ရန် မျိုးကောင်း၊ မျိုးသန့်နှင့် လိုအပ်သည့် မြေဆီများကိုပံ့ပိုးမှုများကိုသာ စက်ရုံနှင့်ေ တာင်သူ၊ အစိုးရပူးပေါင်း၍   ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရပါတယ်။ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံရဲ့ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်က ပြည်ပနိုင်ငံများထက် မြင့်မားလျက်ရှိပြီး ပြည်ပ နိုင်ငံများတွင် ကြံအထွ က်နှုန်းမှာ တစ်ဧက ၃၅ တန်ခန့်ရှိပြီး မိမိတို့နိုင်ငံမှာတော့ တစ်ဧက ၂၆ တန်နှုန်းခန့်သာထွက်ရှိပါတယ်။ ဒါကြောင့် ကြံစိုက် တောင်သူများအတွက်  လိုအပ်တဲ့နည်းပညာ၊ အရင်းအနှီးနဲ့ သွင်းအားစုပစ္စည်းများ ထိရောက်စွာ ပံ့ပိုးေ ပးနိုင်ရေး  အစိုးရနှင့်သက်ဆိုင်ရာ အသင်း အဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးသင့်ပါတယ်။ တရုတ်နိုင်ငံဟာ နှစ်စဉ်သကြားတန်ချိန် ခြောက်သန်းလိုအပ်လျက်ရှိပြီး အခြားကုန်ပစ္စည်း များလည်း လိုအပ်လျက်ရှိတဲ့ ကြီးမားတဲ့ ဈေးကွက် တစ်ခုဖြစ်ပါတယ်။ ဒီဈေးကွက်အပေါ်မှာ မြန်မာ၊ ဗီယက်နမ်၊ ဟောင်ကောင်နဲ့လာအိုနိုင်ငံတို့ဟာ မိမိ တို့နိုင်ငံထွက် ကုန်ပစ္စည်းများအပြင် Re-export စနစ်ဖြင့်ပါ တင်ပို့လျက်ရှိကြပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံမှ တင် ပို့ပေးနို င်ခြင်းမရှိပါက ဗီယက်နမ်၊ ဟောင်ကောင်နဲ့ လာအိုနိုင်ငံတို့ဆီကို ဈေးကွက် ဝေစုအားလုံး ရောက်ရှိသွားမှာဖြစ်ပါတယ်။
        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သကြားကို Re-export စနစ်ဖြင့် ကုန်သွယ် ခွင့်ပြုခဲ့ခြင်းကြောင့် ပြည်တွင်း သကြားထုတ်လုပ်မှု SMEs များကို မထိခိုက်နိုင်ကြောင်းနှင့် ကြံစိုက် တောင်သူများအပေါ် တွင်လည်း အကျိုးသက်ရောက်မှုမရှိကြောင်း တွေ့ရှိရသဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သုံးဆ တိုးမြှင့်ဆောင်ရွက်နေချိန်တွင် ပြည်တွင်းမှ သမား ရိုးကျပို့ကုန်အပေါ်မှီခိုအားထား၍ မရဘဲ Re-export စနစ်ဖြင့် ဆောင်ရွက်သော ပို့ကုန်ပမာဏကို အားထားဆောင်ရွက်ရမှာဖြစ်ပါ တယ်။ Re-export စနစ်ဖြင့်ဆောင်ရွက်ခွင့်ပြုခြင်းသည် နိုင်ငံတော် အခွန်ငွေ၊ ကုန်သွယ်မှုပမာဏတို့ ပိုမိုရရှိသလို Supply Chain တစ်လျှော က် ပါဝင်သူများဖြစ်သော ကုန်စည်ပို့ဆောင်မှုလုပ်ငန်းမှ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ ကုန်တင်/ကုန်ချ အလုပ်သမားများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် အခြားဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းရှင်များမှာ အကျိုးစီးပွားတွေ ရရှိနေတာဖြစ်ပါတယ်။ Re-export စနစ်ဟာ ပြည်တွင်းစားသုံးရန် ခွင့်ပြုခြင်းမဟုတ် ဘဲ တင်သွင်းခဲ့တဲ့ပမာဏအတိုင်း ပြည်ပသို့ ပြန်လည်တင်ပို့ရန် ခွင့်ပြုတာဖြစ်ပါတယ်။ ပြည်ပကနေတင်သွင်းပြီး မမှန်မကန်  ပြန်လည်တင်ပို့ခြင်းမပြုတဲ့ ကုန်သည်လုပ်ငန်းရှင်တွေကြောင့် Re-exportအစနစ်ဖြင့် သကြားတင်ပို့မှုအားရပ်ဆိုင်းမှုပြုခဲ့ရတယ်။ အဲဒီ လိုရပ်ဆိုင်းမှုပြုခဲ့ခြင်းကြောင့် ပြည်တွင်းမှ စားသုံးသူများဟာ ဈေး နှုန်းကြီးမြင့်မှုအပါအဝင် မလိုလားအပ်သောကိစ္စများ ကြုံတွေ့ရ တယ်။ ယင်းသို့ Re-export စနစ်ဖြင့် သကြားတင်ပို့၊ တင်သွင်းခဲ့မှုမှာ မမှန်မကန်ပြန်လည်တင်ပို့ခြင်း မပြုတဲ့ ကုမ္ပဏီ ၆၇ ခုကိုလည်း လို အပ်သလိုအရေးယူသွားမှာဖြစ်ကြောင်း သိရှိရပါ တယ်။ သို့ဖြစ်၍ Re-export သကြားတင်သွင်းပြီး သတ်မှတ်စည်းကမ်းနှင့်အညီ ပြန် လည်တင်ပို့ခြင်းမရှိသည့်  ကုမ္ပဏီများအား ၂၀၁၈ ခုနှစ်၊ ဖေဖော် ဝါရီ ၂၈ ရက်မှစ၍ သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ မည်ဖြစ်ေ ကြာင်း အသိပေးအကြောင်းကြားပြီးဖြစ်ပါတယ်။ Re-export စနစ်ဖြင့် သကြားတင်ပို့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ကြောင့် နိုင်ငံတော်အတွက် သတ်မှတ်အခွန်အခများ နစ်နာတဲ့ အပြင် ကုန်သွယ်မှုပမာဏလည်း လျော့ကျသွားနိုင်ပါ တယ်။  ဒီဲ Supply Chain တစ်လျှောက်လုံးမှာရှိတဲ့ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များ၊ ယာဉ်ပိုင်ရှင်များ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသလို ကုန်သည်လုပ်ငန်းရှင်များ အပါအဝင် ပြည်သူတွေ အားလုံးရဲ့ နစ်နာ ဆုံးရှုံးမှုသာ ဖြစ်ခဲ့ရသောကြောင့် Re-export စနစ်ဖြင့် သကြားတင်ပို့၊ တင်သွင်းမှုပြန်လည်ဖြစ်ထွန်းလာစေရေး တွန်းအားပေးဆောင်ရွက်ကြပါစို့လို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

 

ပြည်သုတ