ရှမ်းနနွင်း ပုံမှန်သာ အရောင်းအဝယ်ဖြစ်

Thu, 12/14/2017 - 07:15 -- admin_ygn

      ရှမ်းနနွင်းက ပုံမှန်သာအရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ဟိုပုံး နနွင်းတွေကတော့ လက်ကျန်ရှိနေပါသေးတယ်။ နနွင်းအသစ်တွေလည်း ဖေဖော်ဝါရီလနဲ့မတ်လတွေမှာ အသစ်ဝင်လာတော့မှာဖြစ်လို့ အဟော င်းေ တွနဲ့ဆိုရင် လက်ကျန်တွေက အများအပြားဖြစ်လာနိုင်လို့ ဈေးကွက်လက်ကျန်ကိုကြည့်ပြီး နနွင်းကို ဖော်ကြမယ်လို့လည်း တောင်သူတွေထံမှသိရှိရပါတယ်။ နနွင်းဈေးကွက်ကလည်း တဖြည်းဖြည်းကျယ်ပြန့်လာပါတယ်။ အရင် ကတော့ ဟိုပုံးနနွင်းက နာမည်ကြီးတာကြောင့် အရောင်းအဝယ်လည်းသွက်ပါတယ်။ နောက်ပိုင်းမှာဝယ်လက်တွေက အမျိုးအစားကိုခွဲပြီး ဝယ်လာကြပါတယ်။ ယခုလက်ရှိ ဈေး ကွက်မှာအကြမ်း၊ အချော၊ ကြမ်းချောဆိုပြီး ဝင် လာလို့ အချောနဲ့ကြမ်းချောကတော့ အရောင်းအဝယ်ကောင်းပြီး  အကြမ်းကတော့ အရောင်းအဝယ်နည်းလို့ဈေးကွက် လက်ကျန်များပါတယ်။ ဟိုပုံးနနွင်းကအထွက်လည်း နည်းတာကြောင့် နောက်ပိုင်း စိုက်တဲ့ နနွင်းကိုမျိုးေ ရာပြီး စိုက်လာတာကြောင့် အရည်အသွေး ပျက်လာတာ ဖြစ်တယ်လို့သိရပါတယ်။ အချောတစ်ပိဿာစိုက်ရင်အထွက်က  ငါးပိဿာရပြီး အကြမ်းတစ်ပိဿာစိုက်ရင် အထွက်က ၁၀ ပိဿာရှိလို့  ရောနှောစိုက်ပျိုးလာကြ တာဖြစ် တယ်လို့လည်းသိရပါတယ်။ ယခင်ဝယ်လက်တွေက ဒီအတိုင်းဝယ်ပေမယ့် အခုဝယ်လက်တွေကတော့ ခွဲပြီးဝယ်ကြတယ်လို့ လည်းသိရပါတယ်။  
         ရှမ်းနနွင်းကို အရင်က အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ် စတဲ့နိုင်ငံတွေကသာ အဝယ်ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ စင်ကာပူ၊ ယီမင်၊ ယူအေအီးနိုင်ငံတွေကပါ အဝယ်ရှိလာပါတယ်။ဒါကြော င့် အောင်ပန်းဒေသ ထွက် နနွင်းတွေကိုအခြောက်ခံသန့်စင်ဖို့အတွက် ဖြိုးကျော်ကုမ္ပဏီကနနွင်း အခြောက်ခံစက်ရုံကိုအောင်ပန်းမြို့မှာတည်ဆောက်ပြီး နနွင်းတွေကိုဝယ်ယူပြီး အခြောက်ခံဖို့ လုပ်နေပါတယ်။ နနွင်းသန့်ခြောက်ေ တွကိုလည်း နိုင်ငံတကာကိုတင်ပို့နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း အဲဒီစက်ရုံရဲ့ တာဝန်ရှိသူတစ်ဦးထံမှသိရှိရပါတယ်။ အောင်ပန်းဈေးကွက်မှာရှိနေတဲ့ နနွင်းကိုတော့ ချင်းဝယ်ယူရင်းဝယ်ယူနေလို့ တစ်ပတ်အတွင်းမှာ နနွင်း ပိဿာချိန်ပေါင်း ခုနစ်သောင်းခန့်အရောင်းအဝယ်ဖြစ် နေခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်နနွင်းပေါက်ဈေးကတစ်ပိဿာကို ကျပ်၁၀၀၀ မှ၂၈၀၀နဲ့ဆင်တောင်နနွင်းက ကျပ်၃၈၀၀ရှိပါတယ်။ ဟိုပုံးနနွင်းကတော့ တစ်ပိဿာ ကျပ် ၁၁၀၀ ရှိပါတယ်။

 

ဧဧခိုင်၊ တောင်ကြီး

Local Trade News

Pages