ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ဆန်အိတ်အများအပြား ဝယ်ယူလှူဒါန်းမှုရှိသော်လည်း ဆန်ဈေး ပုံမှန်အတိုင်းရှိနေ

Tue, 08/23/2016 - 06:43 -- admin_ygn

       ရန်ကုန်မြို့၊ ဝါးတန်း ကုန်စည်ဒိုင်ရဲ့ ဆန်ချောလက်ကား ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန်  ထိပ်စ တစ်အိတ် ကျပ် ၃၆၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ မြောင်းမြပုသိမ် ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၇၅၀၀၊ လတ်စ တစ် အိတ် ကျပ် ၃၄၅၀၀၊ နယ်စုံ ကျိုက်လတ်ပေါ်ဆန်းဆန် တစ် အိတ် ကျပ် ၃၅၅၀၀၊ လတ်စ တစ်အိတ် ကျပ် ၃၃၀၀၀၊ ရွှေဘို ပေါ်ဆန်းတစ်အိတ်  ကျပ် ၄၃၀၀၀ မှ ကျပ် ၄၆၀၀၀ အထိရှိ ပြီး၊ ယခင်တစ်ပတ်ဈေးအတိုင်း အတက်အကျမရှိဘဲ ဈေးငြိမ် နေပါတယ်။ ကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန်ရှိနေပြီး ယခင် တစ်ပတ်ထက်  အဝယ်နည်းနည်းအေးလာတယ်လို့ ဝါးတန်း ကုန်စည်ဒိုင်မှ သိရှိရပါတယ်။
        ဧည့်မထဆန် ထိပ်စတစ်အိတ် ကျပ် ၂၂၅၀၀၊ လတ်စ တစ်အိတ် ကျပ် ၂၁၂၀၀ ရှိပြီး၊ ယခင်တစ်ပတ်ထက် တစ်အိတ် ကို ကျပ် ၅၀၀ခန့် ဈေးကျလာပါတယ်။ နွေသီးထပ် ရှယ်တစ် အိတ် ကျပ် ၁၉၅၀၀မှ ကျပ် ၂၀၃၀၀၊  မနော သုခ တစ်အိတ်ကျပ် ၂၆၀၀၀ မှ ကျပ် ၂၇၀၀၀၊ အိတ်စ်ပို့ဧည့်မထ ၂၅မှတ် တစ်အိတ် ကျပ် ၁၇၂၀၀ မှ ကျပ် ၁၇၅၀၀ နဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး နွေဆန် ရက်၉၀ကတော့ တစ်အိတ်ကို ကျပ် ၂၀၀၀၀ မှ ကျပ် ၂၂၅၀၀ သို့ မြင့်တက်ခဲ့ရာ ကျပ် ၁၀၀၀ ခန့် ဈေးအတက်ရှိပါတယ်။ ရေဘေးသင့်ပြည်သူတွေကို ရန်ကုန်မြို့ကနေ ဆန်လှူ တဲ့ အလှူရှင်တွေအတွက် ဆန်ဈေးအတက်မရှိရအောင် ဝါး တန်းကုန်စည်ဒိုင်မှ နေ့စဉ် ဧည့်မထရှယ် တစ်အိတ်ကို ကျပ် ၂၀၅၀၀နဲ့ ရောင်းချပေးလျက်ရှိရာ တစ်နေ့ ဆန်အိတ် ၅၀၀မှ ၈၀၀ကြား   ဝယ်ယူလျက်ရှိပြီး၊ သောကြာ၊ စနေနေ့များတွင် ဝယ်ယူသူ ပိုမိုများပြား ပြီး၊ ဆန်အိတ် ၁၀၀၀ခန့်အထိ ရောင်း ချရကြောင်း ဝါးတန်းကုန်စည်ဒိုင်မှ သ တင်းရရှိပါတယ်။
        ရေဘေးသွားလှူတဲ့ အလှူရှင်တွေအတွက်လည်း အဆင်ပြေအောင် အပြင်မှာလည်း ဆန်ဈေးမတက်ရအောင် ကုန်စည်ဒိုင်မှ ယခုလိုရောင်းချပေးနေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ သြဂုတ် ၁၉ ရက်ေ ဈးနှုန်းအရ ဧည့်မထမှော်ဘီ တစ် အိတ် ၁၄၃မှ ၁၄၆ယွမ်၊ စူပါတစ်အိတ် ၁၄၆မှ ၁၄၉ယွမ်၊ ဧည့်မထမှော်ဘီ တစ်အိတ် ၁၃၈မှ ၁၄၁ ယွမ်၊ စူပါတစ်အိတ် ၁၄၄မှ ၁၄၅ယွမ်၊ မနောသုခ တစ်အိတ် ၁၃၀မှ ၁၃၄ယွမ်၊ ငစိန်၅မှတ် တစ် အိတ် ၁၄၅မှ ၁၄၇ယွမ်၊ ၁၅မှတ် တစ်အိတ် ၁၄၀မှ ၁၄၃ယွမ်၊ ၂၅မှတ် တစ်အိတ် ၁၃၆မှ ၁၃၈ယွမ်ရှိပြီး၊ ယခင်တစ်ပတ်အတိုင်း ဈေးနှုန်း မပြောင်းလဲကြောင်း သိရှိရပါတယ်။ မူဆယ်ကို ပြည်တွင်းနယ်စုံမှ ဆန်ဝင်ရောက်မှုမှာ သြဂု တ် ၁၂ရက်မှ ၁၈ရက်အထိ ၄၇၁၄ တန်ရှိပါတယ်။  ဆန်ဝင်ရောက်မှုမှာ ယခင်တစ်ပတ်ထက် ၁၉၇၆ တန် လျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကို ဆန်စီးဆင်းရတာ အခက်အခဲရှိနေတဲ့အတွက် မူဆယ်ဘက်မှာ အရောင်းအဝယ်ပါး လျက်ရှိ နေတယ်လို့ သိရပါတယ်။ သြဂုတ် ၁၉  ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၇၉ကျပ် ဈေးပေါက်တယ်လို့ သိရှိရပါတယ်။

 

ယဉ်ယဉ်အေး