ယခုနှစ်ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၂ သန်းခန့် တင်ပို့နိုင်ပြီး ယခုနှစ်ထက် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ပိုမိုတင်ပို့နိုင်

Mon, 02/06/2017 - 05:52 -- admin_ygn

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ ၁၂ရပ် အနက်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာက ဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများဘက်စုံညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍချိန်ခွင်လျှာကိုက်ညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်ဆိုတဲ့အချက် ခြောက်ချက်နဲ့အညီ  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ရာမှာ လယ်ယာကဏ္ဍက ထွက်ရှိတဲ့ပို့ကုန်တွေကို ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ ရမှာဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇန်နဝါရီလ တတိယပတ်အထိ မြန်မာ နိုင်ငံရဲ့ကုန်သွယ်မှုအခြေအနေကို ကြည့်လျှင် ပို့ကုန်အမေရိကန် ဒေါ် လာ ၉ ဘီလီယံ ကျော် တင်ပို့နိုင်ပြီး သွင်းကုန်အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံကျော် တင်သွင်းခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ဆောင် ရွက်နိုင်ခဲ့တာကို တွေ့ရ မှာဖြစ်ပါတယ်။ အဲဒီပ မာဏကို ပြီးခဲ့တဲ့နှစ်ကာလတူက အခြေ အနေနဲ့နှိုင်းယှဉ်ရင်တော့ ပို့ကုန်  ကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ပိုမိုတင်ပို့နိုင်ပြီး သွင်းကုန်  ကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၅၇၀ ကျော် လျော့နည်းတဲ့အတွက် ကုန်သွယ်မှု ပမာဏ အမေ ရိကန်ဒေါ်လာသန်း ၁၃၀ ကျော် ပိုမို ဆောင်ရွက်နိုင်တာကို တွေ့ရှိ ရမှာဖြစ်ပါတယ်။
          ပို့ကုန်တင်ပို့မှုမှာ သဘာဝဓါတ်ငွေ့ တင်ပို့မှုက ၂၆ ရာခိုင်နှုန်းနဲ့ ပထမနေရာမှာ ရှိနေပြီး လယ်ယာကဏ္ဍတင်ပို့မှုက ၂၄ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာကို တွေ့ရမှာဖြစ်ပါတယ်။၊ CMP ကဏ္ဍတင်ပို့မှုက ၂၀ ရာခိုင်နှုန်းနဲ့တတိယ နေရာမှာ ရှိနေပြီး ကျန် ရေထွက်ကုန်ပစ္စည်းကဏ္ဍ၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်းနှင့် အခြားပစ္စည်းတွေရဲ့  တင်ပို့ခဲ့တဲ့ပမာဏကတော့ ရာခိုင် နှုန်း ၃၀ သာရှိတာကို တွေ့ရမှာဖြစ်ပါတ ယ်။ အဲဒီလို  ပို့ကုန်တင်ပို့မှုတွေအနက် လယ်ယာကဏ္ဍတင်ပို့မှုကို အနည်းငယ် သုံးသပ်ကြည့်မယ်ဆိုရင် အမေရိကန်ဒေါ် လာ ၁၁၆၂ သန်းတန်ဖိုးရှိတဲ့ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၁သန်းခန့် တင်ပို့နိုင်ခဲ့သလို အမေရိကန်ဒေါ်လာ သန်း ၃၈၀ ခန့်တန် ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန် ၁ ဒသမ ၂ သန်းခန့်တင်ပို့နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းခန့်တန်ဖိုးရှိတဲ့ ပြောင်းတန်ချိန် ကိုးသိန်းခန့်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ် လာ ၁၂၇ သန်းတန်ဖိုးရှိတဲ့နှမ်းတန်ချိန် ကိုးသောင်းကျော်၊ အမေရိကန်ဒေါ်လာ ၁၃၅ သန်းတန်ဖိုးရှိတဲ့ ရော်ဘာစိမ်းတန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် လယ်ယာကဏ္ဍက ထွက်ရှိတဲ့ကုန်ပစ္စည်း တွေတင်ပို့မှုက ပို့ကုန်တိုးမြှ င့်ရေးအတွက် များစွာ အထောက်အကူ ဖြစ်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာ့လယ်ယာထွက်ကုန်တင်ပို့မှု တွေအနက် ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကို သုံးသပ်ကြည့်ပါက ပင်လယ်ရေကြောင်းမှ  အမေရိကန် ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန် လေးသိန်း ကျော် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၅၆ သန်းတန်ဖိုးရှိတဲ့ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ရှစ်သိန်းခန့်ကို တင်ပို့နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ရင် နယ်စပ်ကုန်သွယ်မှုပမာဏဟာ စုစုပေါင်း တင်ပို့မှုရဲ့ ၆၈ ရာခိုင်နှုန်းရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့နယ် နိမိတ်ထိစပ်မှုရှည်လျားတာ ကြောင့် မြန်မာနိုင်ငံက ထွက်ရှိတဲ့လယ်ယာထွက် ကုန်တွေကို တရုတ် နိုင်ငံကိုသာ အဓိကထားပြီး တင်ပို့နေရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတွေအနက် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ အဓိကအချက်အခြာ ကျတဲ့ ကုန်သွယ်ရေးဇုန်တစ်ခုလည်း ဖြစ်ပါတယ်။
           အဲဒီမူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်ကနေ တရုတ်နိုင်ငံကို ဆန်နဲ့ဆန်ကွဲ တန်ချိန် လေးသိန်းခွဲတင်ပို့နိုင်ခဲ့ပါတယ်။ အလားတူ တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့ အခြားသောကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ ဆန် နဲ့ဆန်ကွဲတန်ချိန် သုံးသိန်း ခန့်၊ ချင်းရွှေဟော်စခန်းမှ ဆန်နဲ့ဆန်ကွဲတန်ချိန် နှစ်သောင်းခန့် တင်ပို့နိုင်ခဲ့ပြီး ကျန်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ကန်ပိုက်တီ၊ ကျိုင်း တုံနဲ့ တာချီလိတ်စခန်းတွေကတော့ တန်ချိန် အနည်းငယ်စီသာ တင်ပို့ ခဲ့တာကို တွေ့ ရမှာဖြစ်ပါတယ်။ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ဟာ မြန်မာနိုင်ငံရဲ့ နယ်စပ် ကုန်သွယ်မှုမှာ အဓိက အကျဆုံး ကုန်သွယ်ရေးစခန်းပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က အကြမ်းဖက်သောင်းကျန်းသူ များရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၂၄ ရက်အထိ ကုန်သွယ်မှုများ ယာယီရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း တပ်မတော်စစ်ကြောင်းများက နယ်မြေအေးချမ်း တည်ငြိမ်ရေးအတွ က် အချိန်နဲ့တစ်ပြေးညီ ဝင်ရောက်ထိန်းသိမ်းပေးခဲ့သလို ကုန်သွယ်ရေးဦးစီးဌာနနဲ့ OSS အဖွဲ့ဝင်ဝန်ထမ်းများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့ ကုန်သည်လုပ်ငန်းရှင်များရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် နိုဝင်ဘာလ ၂၅ ရက်မှာ လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှာ ဒေသတည်ငြိမ် အေးချမ်းမှုရရှိလာပြီဖြစ်တဲ့အတွက် ကုန် သွယ်မှုကို အရှိန်အဟုန်နဲ့ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်မှုများကို ဆောင်ရွက်ရာမှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာအခြေခံကျတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ နယ် မြေဒေသတည်ငြိမ်အေးချမ်း မှသာ ကုန်သွယ်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့ စွာဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။
          ဒါပေမဲ့လည်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ သွားရာ လမ်းတွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်ဆန်ဒေသ တွေမှာတော့ နယ်မြေအေးချမ်းမှု သိပ်မရရှိ သေးတာတွေ့ရပါတယ်။ ဒါကြောင့်လည်း ကုန်သည်လုပ် ငန်းရှင်များဟာ လမ်းခရီးသွား လာရေးလုံခြုံမှုရှိတဲ့ လွယ်ဂျယ်စခန်းနဲ့ ချင်းရွှေဟော်စခန်းတို့မှ တစ်ဆင့် ကုန်သွယ်မှုတွေကို ယခင်ကထက် ပိုမိုဆောင်ရွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ယခင်က တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ မှာ မြန်မာ့ဆန်များကို တစ်ဖက်နိုင်ငံက ကုန်သည်တွေက မကြာခဏဆိုသလို ဆန်ရဲ့ အရည်အသွေးပေါ်မူတည်ပြီး ငြင်းပယ်ခဲ့တဲ့အတွက် မြန်မာဆန်ကုန် သည်တွေဟာ နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါကြောင့်လ ည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ မိမိနိုင်ငံကထွက်ရှိတဲ့ ဆန်များကို အရည်အသွေးကောင်းဆန်များ၊ တန်းမြင့်ဆန်များ ထွက်ပေါ်လာစေရေးနဲ့ ဈေးကွက်ဝင်စံချိန်စံညွှန်းနဲ့အညီ ဖြစ်ေ ပါ်လာစေ ရေးတို့အတွက် တစ်ဖက်နိုင်ငံက ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ AQSIQ မှ  ပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ တာဝန်ရှိသူများ   တွေ့ဆုံခဲ့ကြပြီး   တန်းမြင့်ဆန်ရရှိရေး၊ ပြည်ပဈေး ကွက်ဝင်ဆန်များရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံက ထွက်ရှိလာတဲ့ဆန်တွေဟာ ပြည်ပဈေးကွက် ဝင်တဲ့ ဆန်များအဖြစ် နာမည် ပြန်လည်ရရှိလာခဲ့ပါတယ်။
           ဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒို နီးရှားနိုင်ငံ သံအမတ်ကြီး နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့တွေ့ဆုံစဉ်က မြန်မာနိုင်ငံမှ ဆန်ကို ပိုမိုဝယ်ယူရေးအတွက် ဆန်ပိုမိုတင်ပို့နိုင် ရန် နှစ်နိုင်ငံအစိုးရခြင်း  နားလည်မှုစာချွန်လွှာ လက် မှတ်ရေးထိုး နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံကလည်း မြန်မာနိုင်ငံမှဆန်ကို ဝယ်ယူ ဖို့ ကမ်းလှမ်းလာတဲ့အတွက် အစိုးရခြင်းချိတ် ဆက်ပြီး ရောင်းချနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပတဲ့ (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်း အဝေးမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း တွေဖြစ်တဲ့ ဆန်၊ ကြက် သွန်နီ၊ ပဲအမျိုးမျိုးတို့ကို ပင်လယ်ရေကြောင်းမှ တင်ပို့လိုကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အြ ပင် မြန်မာနိုင်ငံဆိုင်ရာ သီရိ လင်္ကာနိုင်ငံသံအမတ်ကြီးနဲ့ ပြည်ထောင်စု ဝန်ကြီးတို့ ဇန်နဝါရီလ ၂၃ ရက်က တွေ့ဆုံခဲ့စဉ် သီရိလင်္ကာနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံမှ ဆန်တန်ချိန် ငါးသောင်းကို ဝယ်ယူခွင့်ရရှိဖို့အတွက်  နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး လိုကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆန်စပါး အသင်း ချုပ်မှတာဝန်ရှိသူများ ဟာ သီရိ လင်္ကာနိုင်ငံမှ တာဝန်ရှိသူများနဲ့ အသေး စိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့  အဓိကသယံဇာတပို့ကုန်ဖြစ်တဲ့ သဘာ၀ ဓာတ်ငွေ့ဟာ ကမ္ဘာ့ဈေးကျဆင်းလာခဲ့သလို ထုတ်လုပ်မှုကလည်း တဖြ ည်းဖြည်း လျော့နည်းလာခဲ့တဲ့အတွက် ပို့ကုန်ပမာဏ လျော့ကျသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း လယ်ယာထွက်ကုန်များကို ပိုမိုတင်ပို့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတာကြောင့် ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာအောင် ဆော င်ရွက်နိုင်ခဲ့ပါတယ်။ အခုလို ဆောင်ရွက်ခဲ့မှုများကြောင့် မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကျရောက်မှုများ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုမရှိခြင်းများ စတဲ့ကုန်သွယ်မှုကို အဟန့်အ တားတွေ၊ အတားအဆီးတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသခံ အသင်းအဖွဲ့များ၊ ကုန်သည် လုပ် ငန်းရှင်များ၊ ဆက်စပ်ဌာနများနဲ့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုများ ကြောင့် ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ပိုမို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် ပို့ကုန်သုံးဆ တိုးမြှင့်ရေးကို ရည် မှန်းချက်ထားရှိကာ အခက် အခဲများ၊ စိန်ခေါ်မှုများကြားမှ ပို့ကုန်တိုးမြှင့်ရေးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်နေတာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။

 

ရှင်မင်းအံ့ (တန့်ဆည်)

Local Trade News