မွေးမြူရေးတောင်သူများအတွက် ကျွဲ ၊ နွား တရားဝင်တင်ပို့မှုမှ အခွင့်အလမ်းကောင်းများရရှိ

Wed, 01/31/2018 - 03:53 -- admin_ygn

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံ တော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ရောင်းလိုအားနှင့် ဝယ်လိုအားအရ ဖြစ် ပေါ်နေသော လွတ်လ ပ်သောဈေးကွက်ကို ဖော်ဆောင်နိုင်ရန်နှင့် တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်းကြောင်းပေါ်သို့ရောက် ရှိစေပြီး နိုင်ငံတော်အခွန်အခများ အပြည့်အဝရရှိစေရန်၊ မွေးမြူရေး တောင်သူများ ဝင်ငွေနှင့်အလုပ်အကိုင် အခွင့်အ လမ်းများ ပိုမိုရရှိစေ ရန်၊ ပြည်သူများအကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် ဆိတ်၊ ကျွဲ၊ နွား မွေးမြူရေးလုပ်ကိုင်သူများ ပြည်တွင်းဈေးကွက်သာမက ပြည်ပ ဈေးကွက်ရရှိစေရန် တရားဝင်တင်ပို့ခွင့်ပြုနိုင်ရေးအတွက် ကျွဲ၊ နွား (အရှင်) များအားပြည်ပသို့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရား ဝင်တင်ပို့ခွင့်ပြုလိုက်ကြောင်း ဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် အောက် တိုဘာ ၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၉/ ၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့သလို ဝန်ကြီးရုံး၏ ၂၀၁၆  ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ရက်စွဲပါစာအမှတ်၊ စက-၁၂/၂-၁၈/၂၀၁၆ (၃) ဖြင့် ဆိတ် အရှင်များကိုလည်း ပြည်ပသို့ပြန်လည် တင်ပို့ခွင့်ပြုခဲ့ပါတယ်။
            မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကျွဲ၊ နွား(အရှင်)များ တရားဝင်တင်ပို့နိုင်ရေးအတွက် တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးရေးစခန်း (AQS) မြေနေရာရွေးချယ်သတ်မှတ် ရန် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၂ရက်တွင် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ တာဝန်ခံနှင့်မြေပြင်ကွင်းဆင်းကြည့်ရှုပြီး မိုင်းယု (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နှင့် မူဆယ်မြို့ကြား ပြည်ထောင်စုလမ်းမ ကြီးအနီး ကုန်သွယ်ရေးဇုန်မှ ငါးဖာလုံခန့်အကွာအဝေးရှိ ကျိန်စမ်း ကျော့ကျောက်တိုင်လမ်းခွဲအနီး ခုနစ်ဧကအကျယ်အဝန်းရှိ တိရစ္ဆာန် ကျန်းမာရေးစစ်ဆေးရေးစခန်း (AQS) စခန်းအားတစ်ဖက်နိုင်ငံသို့ တင်ပို့မည့် ကျွဲ၊ နွား(အရှင်)များအား(ယာယီ) ကျန်းမာရေး စစ်ဆေး တဲ့နေရာအဖြစ် သတ်မှတ်အတည်ပြုခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ တိရစ္ဆာန် အရှင်များ တင်ပို့မှုကိုကြည့်မယ်ဆိုရင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာ နှစ်မှာ ဆိတ်အရှင်ကောင်ရေ ၄၁၄၇၀၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၁၈ သန်း၊ ဝက်အရှင်ကောင်ရေ ၄၀၀၀၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၄၈၀ သန်းတင်ပို့နိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလ မှဇန်နဝါရီလ ၂၅ ရက်နေ့) ထိ ဝက်အရှင် ၁၂၅၀ ကောင်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၀ သန်း၊ သိုးအရှင် ၁၄၄၀ ကောင်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၀၄ သန်း၊ ဆိတ်အရှင် ၁၂၃၄၅၉ ကောင်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၃၃ သန်း၊ ကျွဲအရှင် ၅၇၇ ကောင်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၇၄၉ သန်း၊ နွားအရှင် ၅၄၂၃ ကောင်၊ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၅၀၇ သန်း တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရ ပါတယ်။
        ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့  ပြည်တွင်းထွက်  အေးခဲအမဲသား၊ အမဲသား (အခြောက်)နှင့် အမဲဘေးထွက်ပစ္စည်းတို့ကို ပို့ကုန်လိုင်စင်ဖြင့် တင် ပို့ခွင့်ပြုလျက်ရှိပြီး ကျွဲ၊ နွား(အရှင်)များကတော့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစ၍ တင်ပို့ခွင့်ပြုခဲ့သော်လည်း ဒီဇင်ဘာလမှသာ ပို့ကုန်လိုင်စင် လျှောက်ထားမှုများရှိတဲ့အတွက် ဒီဇင်ဘာလလယ် လောက်မှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့ခဲ့ကြတာ ဖြစ်ပါတယ်။ နေ့စဉ်တင်ပို့မှုအနေနဲ့ ဆိတ်အရှင်တစ်ရက်ပျမ်းမျှ ကောင် ၃၃၀ နှင့် ကျွဲ၊ နွား (အရှင်) တစ်ရက်ပျမ်းမျှကောင်ရေ ၂၀၀ တင်ပို့လျက်ရှိပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကျွဲ၊ နွား (အရှင်) တင်ပို့လျက်ရှိသော ကုမ္ပဏီ ၆၀ ခု၊ ကျွဲ၊ နွားကောင်ရေ ၆၀၀၀ ကောင်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၅၆ သန်းတင်ပို့မှုရှိပြီး၊ ဝက်အရှင်မှာ  ပြည်ပတင်ပို့ရန် မွေးမြူ လုပ်ကိုင်သူနည်းပါးခြင်းနှင့် ပြည်တွင်းစား သုံးမှု လိုအပ်ချက်များခြင်း တို့ကြောင့် တင်ပို့မှုနည်းပါးခဲ့ကြောင်း သိရပါတယ်။
          ကျွဲ၊ နွား(အရှင်) တွေကိုတော့ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တွေကနေ မြို့နယ် အလိုက် တိ/မွေး/ကု (ယာယီ)  စစ်ဆေးရေးစခန်းများတွင် ဝယ်ယူ စုဆောင်းကြတာြ ဖစ်ပြီး တစ်ဖက်နိုင်ငံသို့တင်ပို့ရန်အတွက် တိရစ္ဆာန် ကျန်းမာရေးစစ်ဆေးပြီးကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန် ကျန်းမာရေးထောက်ခံချက်၊ သယ်ဆောင်ခွင့် အထောက်အထား၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာန၏ ဒေသကျွဲ ၊ နွား (အရှင်)များ ပြည်ပသို့တင်ပို့ရောင်းချခွင့် ထောက်ခံ ချက်များနှင့်အတူ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲတွင် ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီး ဝယ်ယူစုဆောင်းမြို့နယ်များမှ နှစ်ညအိပ်၊ သုံးရက်ခရီးဖြင့် မူဆယ်မြို့သို့ ၁၂ ဘီးယာဉ် တစ်စီးလျှင် ကျွဲ၊ နွား ၂၀ မှ ၂၅ ကောင်တင်ဆောင်ကာ ၁၆ မိုင်၊ ရေပူကုန်ပစ္စည်း စစ်ဆေးရေးစခန်း (ဃ့နခု ဏသငညအ) တို့တွင် အစစ်ဆေးခံ၍ ၎င်းင်းမှ တစ်ဆင့် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်အစစ် ဆေးခံပြီး မူဆယ်မြို့နယ်၊ တိရစ္ဆာန် ကျန်းမာရေးစစ်ဆေးရေးစခန်း (ဗျှှ) စခန်းမှ ံနေူအ့ ဃနမအင်ငခအေန စစ်ဆေးချက်နှင့်အတူ အမှန် တင်ပို့ဆောင်ရွက်ပြီး တစ်ဖက်နိုင်ငံဈေးကွက်သို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များမှ မှန်ကန်မြန်ဆန် စွာ တင်ပို့ကုမ္ပဏီများအား ဆောင်ရွက်ပေးလျက်ရှိပါတယ်။  
           ယခင်တုန်းက တောင်သူဦးကြီးများဟာ လယ်ယာကဏ္ဍတွင် ကျွဲ၊ နွားများကိုသာ ထွန်ယက်စိုက်ပျိုးရန် အဓိကဦးစားပေး အသုံးပြု လျက်ရှိပါတယ်။ ယခုအခါ ခေတ်မီတိုးတက်လာသည်နှင့်အမျှလယ် ယာကဏ္ဍမှ စက်မှု လယ်ယာကဏ္ဍသို့  ဖော်ဆောင်နေမှုကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေသော ခိုင်းကျွဲ၊ ခိုင်းနွားများကို ထိခိုက်မှုမရှိစေဘဲ ပြည်တွင်းတွင် ကျွဲ၊ နွားများ မွေးမြူထားသော တောင်သူဦးကြီးများ သာမက မွေးမြူရေးလုပ်ငန်း ရှင်များ၊ တစ်ပိုင်တစ်နိုင် မွေးမြူထားသော ဒေသခံပြည်သူများမှပါ စီးပွားဖြစ်ပြည်ပသို့ မွေးမြူရောင်းချလုပ်ကိုင်လျက်ရှိလာပါတယ်။ကျွဲ၊ နွား (အရှင်) များအား ပြည်ပတင်ပို့ခွင့် လိုင်စင်ခွင့်ပြုမပေး မီကာလက တရားမဝင် တင်ပို့မှုများရှိနေပြီး ယခုအခါ တရားဝင်တင် ပို့ခွင့်အား ခွင့်ပြုခဲ့သည့်အတွက် တရားမဝင်မှောင်ခိုလမ်းကြောင်းမှ သွားလာနေသူများသည် တရားဝင်လမ်းကြောင်းပေါ်သို့  ရောက်ရှိ လာပြီး ၎င်းလုပ်ငန်းရှင်များ အေ နဖြင့်  တရားဝင်လမ်းကြောင်းမှ အတားအဆီးများမရှိတော့ဘဲ ကုန်ကျစရိတ်သက်သာပြီး လွတ်လပ် စွာ အလွယ်တကူ သွားလာနေရသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါ ကြောင်း သိရှိရပါတယ်။  တရားဝင်တင်ပို့မှုအနေဖြင့် ကျောက်ဆည်၊ မြင်းခြံမှ ဝယ်ယူစုဆောင်းပြီး မူဆယ်အရောက် နွားတစ်ကောင် သယ်ယူမှုခန့်မှန်း ကုန်ကျစရိတ်မှာကျပ် ၁၆ သိန်းခန့်ရှိပြီး၊ တစ်ဖက် နိုင်ငံသို့ ရောင်းချရဈေးမှာ ကျပ် ၁၉ သိန်းခန့်ရရှိခြင်းကြောင့် နွား တစ်ကောင် သုံးသိန်းကျပ်ခန့် အကျိုးအမြတ်ရရှိနေကြောင်း သိရှိရ ပါတယ်။ ကျွဲ၊ နွား (အရှင်) များအား တစ်ဖက်နိုင်ငံသို့ တရားဝင် လိုင်စင်ဖြင့် တင်ပို့ခြင်းကြောင့်  မွေးမြူရေးလုပ်ကိုင်လျက်ရှိသော ဒေသခံပြည်သူများ အကျိုးအမြတ်များ စွာရရှိနေသလို နိုင်ငံတော် အနေဖြင့်လည်း ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝရရှိ လာမှာ ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံ၏ ဈေးကွက်ဝယ်လိုအားအနေဖြင့် မူဆယ်မြို့ သည် တစ်ဖက်နိုင်ငံရှိ လူဦးရေထူထပ်သော ယူနန်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိနေခြင်းကြောင့် ပြည်တွင်း ကျွဲ၊ နွား မွေးမြူလုပ်ကိုင် လျက်ရှိသော တောင်သူဦးကြီးများနှင့်  မွေးမြူရေးလုပ်ငန်းရှင် များအတွက် တစ်ဖက်နိုင်ငံဈေးကွက် လိုအပ်ချက်အပေါ် အခွင့်အလမ်း ကောင်းများရှိနေကြောင်း တွေ့ရှိရပြီး ပြည်ပပို့ကုန် သုံးဆတိုး မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပသို့တရားဝင်တင်ပို့လျက် ရှိသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ အား ယခုထက်ပိုမို တိုးမြှင့်ေ ဆာင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။

 

လန်းဆန်းဦး (မူဆယ်)