မြန်မာ့ပို့ကုန် တစ်ခေတ်ဆန်းသစ်ကြပါစို့

Tue, 12/26/2017 - 05:53 -- admin_ygn

          ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်နှစ်ကြိမ် စလုံးမှာ နယ်မြေချဲ့ထွင်ဖို့အတွက်ချည်းကြောင့် ဖြစ်ခဲ့ပါတယ်။ နယ်မြေချဲ့ထွင်တယ်ဆိုတာလည်း အချုပ်အချာအာဏာ သက်ရောက်ဖို့ဆိုတာထက် သူတို့ရဲ့ ထုတ်ကုန်တွေရော င်းဖို့နဲ့ ကုန်ကြမ်းတွေ သူတို့ဆီကရယူဖို့ဆိုတဲ့ မဟာရည်မှန်းချက်က အဓိကဖြစ်ပါတယ်။ အတိုဆုံးပြောရရင် ကုန်သွယ် ရေးအတွက် စစ်ခင်းခဲ့ကြတာဖြစ်ပါတယ်။ ဒီဘက် ခေတ်သစ်မှာလည်း စစ်အင်အားသုံးပြီး သိသိသာသာ ကြီး နယ်မချဲ့တော့ပေမယ့် နည်းပညာရဲ့ ပံ့ပိုးမှုတွေနဲ့ ကြော်ငြာရဲ့အစွမ်းပကားတွေကြောင့် နယ်မြေတင်မက စားသုံးသူများရဲ့ နှလုံးသားတွေကိုပါ သိမ်းပိုက်တဲ့ခေတ်ကြီးကို ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို  ရွှေနိုင်ငံလို့ခေါ်ကြပါတယ်။ အဓိပ္ပာယ်ရှိရှိနဲ့ခေါ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မထွက်တဲ့ ကုန်ကြမ်းပစ္စည်းဆိုတာ မရှိဘူးလို့ လူတိုင်းကသိထားကြတယ်။ ဒါ့အပြင် သင်ပေးရင်တတ်လွယ်တဲ့ လူမျိုး၊ ရိုင်းပင်းတတ်တယ်၊ တွေးေ ခါ်မျှော်မြင်နိုင်စွမ်းရှိတဲ့ လူမျိုးဖြစ်တယ်။ ဒါ့ကြောင့်လည်း ရွှေမြန်မာရယ်လို့ တင်စားပြီး အခေါ်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ မြန်မာလူမျိုးများဟာ ကုန်သွယ်ရေးအပြေး ပြိုင်ပွဲမှာ ရှုံးနိမ့်နေတယ်။ အိမ်နီးချင်းတွေက ကျော် တက်ကုန်တယ်။ ပိုပြီးရင်နာစရာကောင်းတာက တစ်ချိန်တုန်းက ကျွန်တော်တို့ရဲ့ နောက်မှာရှိပြီး ယခုအခါ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် (CLMV)  လေးနိုင်ငံကအဖွဲ့ဝင်တွေဖြစ်တဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနို င်ငံတို့က စီးပွားရေးဘက်မှာ ကျော်တက်နေခြင်းပါပဲ။ ကမ္ဘာ့ဘဏ်ရဲ့နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု (Doing Business) အချက် ၁၀ ချက်ကို အခြေခံတွက်ချက်ထားတဲ့ ၂၀၁၈ ခုနှစ်အတွက် အဆင့်သတ်မှတ်ချ က်က ကမ္ဘာ့အဆင့် ၁၇၁ မှာရှိပါတယ်။ အာဆီယံ အဆင့်မှာ အဆင့် ၉  ရှိတယ်လို့ ဆိုပါတယ်။ ဒီလို အဆင့်တွေကြည့်ရင်တော့ ကိုယ့်နောက်မှာ ဘယ်လောက်မှမရှိတော့ဘူးဆိုတာ သင်ခန်းစာယူပြီး တက်ညီလက်ညီ တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်ဖို့သာ လိုအပ်နေပြီဖြစ်ပါတယ်။ မျိုးစေ့ဥပမာကို ဒီနေရာမှာ အသုံးပြုလိုပါတယ်။ မျိုးစေ့ဟာ မြေကြီးထဲ အပင်ငယ်လေးအဖြစ်ဘဝကူးခါနီးမှာ ပုပ်ပွ ခဲ့ရပြီးမှ ရှင်သန်လန်းဆန်းတဲ့ အပင် ငယ်လေးအဖြစ် မြေကြီးပေါ်ထိုးထွက်လာခဲ့ တာဖြစ်ပါတယ်။ ထို့အတူပါပဲ ကျွန်တော်တို့နိုင်ငံ အခုအချိန်တိုးတက်ဖို့  ဆောင်ရွက်နေချိန် ပုပ်ပွတဲ့ ဘဝအဖြစ်ရှုမြင်ပြီး အားသွန်ခွန်စိုက်အလုပ် လုပ် ကြဖို့လိုပါလိမ့်မယ်။ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တတ်ဖို့ လိုအပ်သလို အလုပ်ပိတ်ရက်တွေက လည်းများ၊ အလုပ်ခွင်မှာ ခွင့်ခဏခဏယူဦးမယ် ဆိုရင်တော့ နစ်နာမှာက ကျွန်တော်တို့ နိုင်ငံသား တွေပါပဲ။ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ပြန် ကျော်တက်ပြီး ကမ္ဘာ့အဆင့်အထိ လှမ်းတက်နိုင် သည်အထိ နေရာတစ်နေရာ ပြန်လည်ရရှိနိုင်ရေး အတွက် ကုန်သွယ်ရေးတိုးတက်ရေး ညှိနှိုင်းစေ့စ့ပ် ပေးတဲ့သဘောနဲ့ အကြံပြုချက်များကို ဆောင်း ပါးအဖြစ် တင်ပြလိုရင်း ဖြစ်ပါတယ်။

မြန်မာ့ စီးပွားရေးဘာကြောင့် နောက်ကျခဲ့ ရသလဲ
         ကျွန်တော်တို့နိုင်ငံ စီးပွားရေးနောက်ကျ တယ် ဆိုတာ သူများနိုင်ငံတွေက ကျော်တက်နေလို့ ကျန်ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က စီးပွား ရေးမူဝါဒတွေ၊ စီမံချက်တွေရေးနေတဲ့အချိန်မှာ သူများတွေက ကမ္ဘာကိုတစ် ပတ်ပတ်ပြီး မူလနေရာ ကနေ တာပြန်ထွက်ဖို့အသင့်ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ စီးပွားရေးမှာနောက်ကျတာက သူများ နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် ကမ္ဘာတစ်ပတ်ကို နောက် ကျခဲ့ရခြင်းဖြစ်ပါတယ်။ ဒီလိုနောက်ကျခဲ့ရတာ က လည်း ကိုယ့်နိုင်ငံသမိုင်းကြောင်း၊ ကိုယ့်လူမျိုး ရဲ့ အလေ့အထ၊ ကိုယ့်လူမျိုးရဲ့စိတ်နေစိတ်ထား၊ ကိုယ့်လူမျိုးရဲ့ဗီဇသဘော၊ ကိုယ့်လူမျိုးရဲ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် စိတ်အားထက်သန်မှု၊  ကိုယ့်လူမျိုးရဲ့ ပူးပေါင်းဆောင်ရွက်တ တ်မှု၊ ကိုယ့်လူမျိုး ရဲ့ ပညာကိုပြန်ပြီး အသုံးပြုနိုင်မှုစတဲ့အချက် အလက် တွေပေါ်မှာ မူတည်မယ်လို့ ကျွန်တော့်အနေနဲ့ ခံယူထားပါတယ်။ အထက်ဖော်ပြပါအချက်တွေကြောင့် စီးပွားရေးရာဘက်မှာ နောက်ကျခဲ့ရတယ်လို့ ကျွန်ေ တာ့်အမြင်ကိုဒီနေရာကနေ တင်ပြလိုပါတယ်။ ဘယ်သူနဲ့မှမတူတဲ့ သမိုင်းကြောင်း၊ ကိုယ့်ပြည်တွင်းရေးကိစ္စတွေ၊ နှစ်ပေါင်းများစွာ စီးပွားရေးတံခါးပိတ်မူဝါဒ ကြောင့် သူများနဲ့ရင်ပေါင်တန်းမယှဉ်နိုင်တဲ့ အခြေအနေရောက်ခဲ့ရတာ လည်း တစ်ချက်အပါအဝင် ဖြစ်ပါတယ်။
         ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့မြန်မာ လူမျိုးတွေရဲ့ အလေ့အထနဲ့ စိတ်နေစိတ်ထားဟာလည်း နောက်ကျစေတဲ့ အကြောင်းရင်းတစ်ချက်မှာ ပါမယ်ထင်ပါတယ်။ အလေ့အထကောင်းတွေ ယခုခေတ်မှာ အတော်ရှား သွားပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အလွယ်နည်းလမ်းက နေချမ်းသာဖို့၊ ခေတ်စကားနဲ့ပြောရရင် အကြံအဖန်တွေနဲ့ ကြီးပွားဖို့ကို ပတ်ဝန်းကျင်က လက်ဆင့်ကမ်းသင်ကြားပေးနေသလို ဖြစ်နေပါတယ်။ ယနေ့ တည်ေ ဆာက်ရေးကန်ထရိုက်တွေကို ကြည့်ရင် အလွယ်ဆုံးမြင်တွေ့နိုင်ပါတယ်။ တင်ဒါတွေကိုခေါ်ပြီး ဟိုအလှူငွေထည့်ခိုင်း၊ ဘာပစ္စည်းတွေ ကို လှူပါစသဖြင့် အရည်အသွေးပိုင်းကို ထိခိုက် စေမယ့်တောင်းဆိုမှုမျိုးတွေ ခေတ်အဆက် ဆက်က မြင်တွေ့နေရပါတယ်။ ဖွင့်ပွဲအတွက် ဘတ်ဂျတ် ကိုတောင်းခံမထားပေမယ့် တင်ဒါရတဲ့ကုမ္ပဏီကို ဖွင့်ပွဲကုန်ကျငွေ၊ အတွင်း ပြင်ဆင်စရိတ်ကို လှူခိုင်းလေ့ရှိတာ ဖွံ့ဖြိုးမှုကို ဟန့်တားတဲ့လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတ ယ်။ နောက်အကြောင်းအရာတစ်ခုကတော့ ကျွန်တော်တို့ မြန်မာလူမျိုးများဟာ သိလွယ်တတ်လွယ်ကြပါတယ်။ ဒါပေမယ့် အကောင်းဘက်က အသုံးတာနည်းတယ်။ လူတစ်ယောက်တည်းနဲ့ လုပ်လို့ရတဲ့ အလုပ်မျိုးကို လူလေးေ လာက် က ဝိုင်းပြီး လုပ်နေတတ်ကြတယ်။ အလုပ်လုပ်တမ်း ကစားကြတယ်။ အကုန်အကျသက်သာမယ့် နည်း လမ်းမရှာဖွေကြဘူး။ တရားဝင်ရင် ပြီးတာပဲ၊ ဘောင်ဝင်ရင် ပြီးတာပဲဆိုတဲ့ အစဉ်အလာဟာလည်း ပြည်သူ့ဘဏ္ဍာ ကို ဖြုန်းပစ်ရာ ရောက်ပါ တယ်။ ကုမ္ပဏီတွေမှာတော့ ဒီပြဿနာမရှိ သလောက်ရှားပါးပါတယ်။ ကိုရီးယားနိုင်ငံရဲ့ Kotra ကို ကမ္ဘာတစ်ဝန်းမှာ အင်အား ၆၀၀၀ ကျော် ဖြန့် ကြက်ထားတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ဆိုးလ် မြို့တော် ဌာနချုပ်ကနေ လူအင်အားခြောက် ယောက်တည်းနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ ဖြန့်ထားတဲ့ လူနဲ့လုပ်ငန်းတွေကို ထိထိမိမိနဲ့ စီမံခန့်ခွဲနိုင်ခဲ့ တာကို လေ့လာသင့်တဲ့အချက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်လခန့်က လူမှုကွန်ရက်စာမျ က်နှာမှာ ဂျပန် ရောက် မြန်မာတစ်ယောက်ရေးတင်တဲ့ မြန်မာ လူမျိုးတို့အကြောင်းကို အကျဉ်းပြန် ဖော်ပြလိုပါတယ်။ ဂျပန်တစ်ယောက်နဲ့ မြန်မာတစ်ယောက် စကားပြောကြပါသတဲ့။ မြန်မာနဲ့ဂျပန်တစ်ဦးချင်း ပြိုင်ကြရင် ဂျပန်က နိုင်ချင် မှနိုင်မယ်ပေါ့။ ဒါပေမယ့် အဖွဲ့လိုက် ပြိုင်ပွဲမှာ ကြိုက်တဲ့ပြိုင်ပွဲပြိုင် မြန်မာ နိုင်ငံကိုမကြောက်ဘူး။ အကြောင်းကတော့ မြန်မာ လူမျိုးများဟာ လူအများနဲ့လုပ်မယ်ဆိုရင် မလုပ် တတ်ကြဘူး၊ ရန်ဖြစ်တာနဲ့ ငြင်းခုံတာနဲ့ စည်းလုံးမှု မရှိ ကြတော့ဘူး။ ဒီတော့ပြိုင်ဖက်က အလွယ်တကူ အနိုင်ယူလေ့ရှိတယ်တဲ့။ ဒါ့ကြောင့် အဖွဲ့လိုက် ပြိုင်ပွဲဆိုရင် မြန်မာလူမျိုးကို ကြောက်ကိုမကြောက် ဘူးလို့ ထိုဂျပန်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး များ အတုယူသင့်ပါ တယ်။
            အထူးသဖြင့် စီးပွားရေးလုပ်ငန်းမှာ ကုန် သည်အချင်းချင်း၊ လုပ်ငန်းရှင်နဲ့အစိုးရ ဘယ်မှာမှ တစ်သံတည်း ထွက်တာမကြားခဲ့ဖူးပါဘူး။ ပြုပြင် သင့်တဲ့အချက်လို့ မြင်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ ကျော် ရှေးဘုရင်ရှောလမုန် ရဲ့ အဆိုအမိန့်စကား မှာ "ညီညီညွတ်ညွတ်နဲ့ စုပေါင်းအလုပ်လုပ်တတ် ဖို့အတွက် ပုရွက်ဆိတ်ထံက ပညာသင်လော့"လို့ မှာခဲ့တယ် လို့မှတ်သားထားပါတယ်။ မြန်မာလူမျိုး တွေအတွက်ဖွံ့ဖြိုးတိုးတက်ဖို့က နည်းပညာနဲ့ အရင်း အနှီး တို့ထက် စိတ်ဓာတ်၊ စိတ်ထားကို အရင်ပြုပြင်ဖို့လိုမယ်ထင်ပါတယ်။ ကျွန်တော် ပါဝင်တဲ့သင်တန်းသား ၂၅ ဦးတို့ဟာ ၂၀၁၅ ခုနှစ် မှာ နိုင်ငံတော်ရဲ့စီစဉ်ပေးမှုနဲ့ ကိုရီးယားသမ္မတ နိုင်ငံသို့ ပညာသင်သွားခွင့်ရခဲ့ပါတယ်။ သင်ပေးတဲ့ သင်ခန်းစာတွေက ကျွန်တော်တို့ ဌာနတွင်းမှာ သင်ပေးလိုက်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ နည်းနည်းပိုတာက ပညာရှင်တွေရဲ့အတွေ့အကြုံ ပြောပြတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်တိုးတက်ဖို့ က အပြင်ကလာတာ ထက် အတွင်းက အင်အားဟာ အရေးအကြီးဆုံးလို့ တန်ဖိုးကြီးမားတဲ့သင်ခန်းစာကို အဓိကဝေမျှလိုပါတယ်။

 

ခမ်လျန်စွမ်း